Huawei က စွမ်းရည်မြင့် P40 Series တွေကို မတ်လ ၂၆ ရက်နေ့မှာ ကြေညာတော့မှာပါ။ အဲဒီဖုန်းတွေက P40 , P40 Pro နဲ့ P40 Pro PE(Premium Edition) တွေ ဖြစ်ပြီး Kirin 990 5G Chipset မောင်းနှင်ထားမှာပါ။ အခုတော့ P40 နဲ့ P40 Pro ရဲ့ Specs အပြည့်အစုံ ထွက်ပေါ်လာပါတယ်။
Some more gorgeous high quality renders of the Black and Silver Frost HUAWEI P40 Pro 5G showing all angles of the phone! #HUAWEI #P40Pro #HUAWEIP40Series #HUAWEIP40Pro #P40Pro5G pic.twitter.com/CELTKsvHNv
— Ishan Agarwal (@ishanagarwal24) March 20, 2020
P40 မှာ ၆.၁ လက်မ OLED မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး 32MP ဆဲလ်ဖီး ကင်မရာကို Punch Hole မှာ တပ်ဆင်ထားမှာပါ။ အနောက်ဘက်မှာ Leica ကင်မရာတွေ ပါလာမှာ ဖြစ်ပြီး 50MP Main , 16MP နဲ့ 30x Digital Zoom ထောက်ပံ့တဲ့ 8MP Ultra Vision ကင်မရာတွေ ဖြစ်ပါတယ်။ ဓါတ်ပုံ အလန်းစားတွေ ရိုက်ကူးနိုင်မယ့် Huawei XD Fusion Engine ပါလာမှာပါ။ Kirin 990 5G နဲ့အတူ 3,800mAh ဘက်ထရီနဲ့ 40W Fast Charging ထည့်ထားမှာပါ။ 27W Wireless Charging ထောက်ပံ့ထားမှာပါ။
P40 Pro မှာ ၆.၅၈ လက်မ OLED မျက်နှာပြင်ကွေး ပါလာမှာ ဖြစ်ပြီး 32MP ဆဲလ်ဖီး ကင်မရာနဲ့ Depth Sensor ကို ဆေးတောင့်ပုံ Punch Hole မှာ တပ်ဆင်ထားမှာပါ။ အနောက်ဘက်မှာ 50MP Leica Ultra Vision Quad ကင်မရာတွေ ပါလာမှာ ဖြစ်ပြီး 40MP , 12MP နဲ့ 3D ToF Sensor တွေနဲ့ အားဖြည့်ထားမှာပါ။ Kirin 990 5G မောင်းနှင်ထားမှာ ဖြစ်ပြီး 40W Wired Charging နဲ့ 40W Wireless Charging ထောက်ပံ့တဲ့ 4,200mAh ဘက်ထရီ ပါလာမှာပါ။
P40 နဲ့ P40 Pro ရဲ့ RAM/ Storage Version တွေကို မသိရသေးပါဘူး။ အဲဒီဖုန်းတွေမှာ Google Mobile Services မပါဘဲ App Gallery ပါတဲ့ Huawei Mobile Services ထည့်သွင်းထားမှာပါ။
Ref : gizmochina