Huawei က ထိုင်းမှာ Y7p ကို ပြီးခဲ့တဲ့ ၁ လလောက်က ကြေညာခဲ့ပြီး 48MP Main ကင်မရာ ပါတဲ့ တန်ဖိုးနည်း ဖုန်း ဖြစ်ပါတယ်။ အခုတော့ အဲဒီဖုန်းကို Huawei P40 Lite E နာမည်နဲ့ ဥရောပမှာ ရောင်းပေးလိုက်ပါတယ်။ Huawei Poland Website မှာ 799 PLN သတ်မှတ်ထားပြီး မြန်မာငွေ ၂ သိန်း ၉ သောင်းလောက်ရှိပါတယ်။ ဒါဟာ ယာယီ လျှော့ချပေးထားတဲ့ ဈေးဖြစ်ပြီး ပုံမှန်ဈေးက 1,168 PLN ဖြစ်ပါတယ်။ မြန်မာငွေနဲ့တွက်ရင် ၄ သိန်း ၂ သောင်းလောက် ကျသင့်မှာပါ။

4GB RAM နဲ့ 64GB Storage ပါပြီး မတ်လ ၁၂ ရက်နေ့မှာ ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ ဖုန်း ဝယ်ယူသူတွေကို Huawei Band 4 လက်ဆောင်ပေးမှာ ဖြစ်ပါတယ်။ Google Play Store အစား Huawei AppGallery ထည့်သွင်းထားပါတယ်။

P40 Lite E မှာ ၆.၃၉ လက်မ IPS LCD 720p+ မျက်နှာပြင် ထည့်သွင်းထားပြီး 8MP Punch Hole ဆဲလ်ဖီး ကင်မရာ ပါလာပါတယ်။ အနောက်ဘက်မှာ 48MP Main , 8MP Ultrawide နဲ့ 2MP Depth Sensor တွေ ထည့်သွင်းထားပြီး လက်ဗွေရာ ကိရိယာလည်း ပါလာပါတယ်။ AI အခြေပြု Stabilization နည်းပညာပါတဲ့အတွက် အလန်းစား Night Shots တွေ ရိုက်ကူးပေးနိုင်ပြီး AI က Category ပေါင်း ၂၈၀ မှာ ဓါတ်ပုံတွေကို စီမံခန့်ခွဲပေးနိုင်ပါတယ်။ အဲဒီအတွက် Gallery မှာ ဓါတ်ပုံတွေ ရှာရတာ အရမ်းလွယ်ကူလာပါတယ်။

P40 Lite E မှာ 4G ပဲပါပြီး 3.5mm Headphone Jack ထည့်သွင်းထားပါတယ်။ microUSB ပဲပါတာက သိပ်မမိုက်ပါဘူး။ 10W Charging ပါတဲ့ 4,000mAh ဘက်ထရီ ပါလာပါတယ်။ Kirin 710F Chipset နဲ့ EMUI 9.1 မောင်းနှင်ထားပြီး   512GB microSD Card စိုက်နိုင်ပါတယ်။ အနက်နဲ့ အပြာရောင် ထုတ်လုပ်ထားပြီး Huawei Poland Website မှာ ရောင်းပေးနေပါပြီ။

Ref : gsmarena