Huawei က P60 နဲ့ P60 Pro တွေကို တရုတ်ပြည်တွင်းဈေးကွက်မှာ မတ်လ ၃၀ ရက်နေ့တုန်းက စတင်ရောင်းချခဲ့ပါတယ်။ Huawei P 60 Series မှာ P60, P60 Pro နဲ့ P60 Art တွေပါဝင်ပြီး ဒီဇိုင်းပိုင်းမှာ အထူးခြားဆုံးလို့ ပြောရမှာကတော့ P60 Art  ဖြစ်ပါတယ်။

Huawei စမတ်ဖုန်းတွေဟာ လူကြိုက်များပြီး နိုင်ငံတကာဈေးကွက်မှာ အောင်မြင်ခဲ့တဲ့ ဖုန်းတွေဖြစ်တာနဲ့အညီ အခုမိတ်ဆက်လိုက်တဲ့ P60 Series တွေကလည်း စပြီးရောင်းချတဲ့နေမှာတင် Stock ပြတ်တဲ့အထိ ရောင်းခဲ့ရတယ်လို့ သိရပါတယ်။ HUAWEI P60 Rococo Pearl က လူကြိုက်အများဆုံးနဲ့ ရေပန်းအစားဆုံးလည်း ဖြစ်လာတာကို တွေ့ရပါတယ်။

တရုတ်ပြည်တွင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေအရ HUAWEI P60 Rococo Pearl ကို ဝယ်ယူဖို့ တန်းစီပြီးစောင့်ဆိုင်းနေကြတဲ့ Huawei fan တွေက အတော်လေးကို များပြားနေခဲ့တာ တွေ့မြင်ရပါတယ်။

Huawei P60 ဖုန်းတွေမှာ Snapdragon 8+ 4G Chipset ပဲ သုံးထားတာဆိုပေမဲ့ ဂြိုလ်တုဆက်သွယ်ရေးစနစ်ကို ထောက်ပံ့ပေးထားတာ ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ ဖုန်းလိုင်းမမိတဲ့အခြေအနေမျိုးမှာ Beidou ဂြိုလ်တုကနေတစ်ဆင့် Message တွေကို ပေးပို့နိုင်၊ လက်ခံနိုင်တာပဲ ဖြစ်ပါတယ်။

ဖုန်းအားလုံးဟာ 6.67” LTPO OLED FHD+ မျက်နှာပြင် တပ်ဆင်ထားပြီး 1-120Hz Refresh Rate ကို ရရှိမှာ ဖြစ်ပါတယ်။ လက်ဗွေဖတ်စနစ်ကိုလည်း မျက်နှာပြင်အောက်မှာ မြှုပ်နှံထားပါတယ်။ P60 နဲ့ P60 Pro မှာ 4,815mAh Battery တပ်ဆင်ထားပြီး P60 မှာ 66W Wired Charging နဲ့ Pro မှာ 88W ထောက်ပံ့ပေးထားပါတယ်။

Source: Huawei