Huawei ဟာ Google ရဲ့ Android Platform ကို အသုံးပြုလို့ မရတော့ပေမယ့် Huawei ရဲ့ စမတ်ဖုန်း အဟောင်းတွေမှာ Android OS ကို ဆက်လက် အသုံးပြုလို့ရနေပါသေးတယ်။ အခုတော့ Huawei ဖုန်း ကိုင်ထားသူ တချို့က သူတို့ရဲ့ ဖုန်းတွေဟာ Google App ကို အန္တရာယ် ရှိတယ်လို့ သတ်မှတ်ထားတယ်လို့ ပြောနေကြပါတယ်။

Huawei labels Google app as malware

Reddit မှာ Huawei ဖုန်းအဟောင်း ပိုင်ရှင်တွေက Google App ကို အလွန် အန္တရာယ်ရှိတယ်လို့ သတ်မှတ်ထားတယ်လို့ ပြောပါတယ်။ Reddit သုံးသူ ၁ ယောက်က Huawei ရဲ့ စွမ်းရည်မြင့် P30 မှာ Google App အကြောင်း သတိပေးထားတယ်လို့ ပြောပါတယ်။

Huawei ဖုန်းတွေမှာ “ လုံခြုံရေး စိုးရိမ်စရာ ဖြစ်ပါတယ်။ Google ဟာ Malware ဖြစ်နိုင်ပါတယ်။ ချက်ချင်း Uninstall လုပ်ဖို့ အကြံပေးပါတယ်။ “ ဆိုတဲ့ သတိပေးစာကို ပြသနေပါတယ်။ အဲဒီ သတိပေးစာနဲ့အတူ Pop Up Screen ၁ ခုကို ပြသထားပြီး Google App ကို Uninstall လုပ်ဖို့ အကြံပေးထားပါတယ်။

Tech Giants At War: Huawei Dares Trump, To Rival Google After Android Ban –  The Whistler Newspaper

P30 ပိုင်ရှင်က ဖုန်းကို ဗိုင်းရက်စ် စစ်ဆေးကြည့်ပေမယ့် ဗိုင်းရက်စ်ကို မတွေ့ရပါဘူး။ အလားတူပဲ နောက်ထပ် Reddit သုံးသူ ၁ ယောက်က Huawei P30 Lite မှာ အလားတူ သတိပေးစာကို ရရှိခဲ့ပါတယ်။ Google App ကို Huawei ဖုန်းတွေမှာ Malware အဖြစ် သတ်မှတ်ထားပြီး TrojanSMS-PA ဗိုင်းရက်စ်လို့ ဖော်ပြထားပါတယ်။

Huawei ဖုန်းတွေမှာ Google App ဟာ SMS ကို ပိုင်ရှင် မသိဘဲ ပေးပို့ခြင်း၊ App တွေကို အလိုလို Install လုပ်ခြင်း၊ ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်တွေကို ခိုးယူခြင်းတွေကို ပြုလုပ်တယ်လို့ သတိပေးထားပါတယ်။

ဒါဟာ Huawei ဖုန်းတွေရဲ့ Bug ကြောင့်လား၊ Huawei ဖုန်းတွေမှာပါတဲ့ Google Software ဟာ Permission မပေးထားတဲ့ အလုပ်တွေကို လုပ်နေသလားဆိုတာ မသိရသေးပါဘူး။

Ref : gizmochina