Huawei ဟာ လက်ရှိအချိန်မှာ ကိုယ်ပိုင် HarmonyOS ကို မိတ်ဆက်ထားပြီးဖြစ်ပေမယ့် စမတ်ဖုန်းတွေအတွက်တော့ ထုတ်ပေးထားခြင်းမရှိသေးပါဘူး။ အခုအချိန်မှာတော့ လာမယ့် ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ HarmonyOS 2.0 Beta Developer Event ကို ပြုလုပ်သွားမယ်လို့ ကြေညာခဲ့ပါတယ်။

အဲ့ဒီအတွက် အစောပိုင်းတုန်းက Huawei ကနေ စမတ်ဖုန်းတွေအတွက် HarmonyOS ကို ယခုနှစ်ကုန်ပိုင်းမှာ Beta အနေနဲ့ မိတ်ဆက်ပေးသွားမယ်ဆိုပြီး ပြောကြားထားခဲ့တာကို အကောင်အထည်ဖော်နေတာဖြစ်နိုင်ပါတယ်။ အဆိုပါ Beta Developer Event မှာ ပထမဆုံးအနေနဲ့ Huawei ရဲ့ HarmonyOS 2.0 ဟာ စမတ်ဖုန်းတွေမှာ ဘယ်လိုမျိုးအလုပ်လုပ်မလဲဆိုတာကိုလည်း တွေ့မြင်ရဖွယ်ရှိနေပါတယ်။

Huawei Consumer Business Software Development ရဲ့ President ဖြစ်တဲ့ Dr. Wang Chenglu ကတော့ Hongmeng OS 2.0 (HarmonyOS 2.0) ပြောင်းလဲမှုဟာ အဆင်ပြေနေပြီး စီစဥ်ထားတဲ့အတိုင်း ဒီဇင်ဘာလမှာ Beta အနေနဲ့ ထုတ်ပေးနိုင်ဖို့ သေချာတယ်ဆိုပြီး အောက်တိုဘာလတုန်းက ပြောကြားခဲ့ပါသေးတယ်။ ဒါတင်မဟုတ်သေးဘဲ Huawei ရဲ့ Software Department Vice President ဖြစ်တဲ့ Mao Yumin ကလည်း HarmonyOS 2.0 ဟာ Design Language အသစ်ကို အသုံးပြုထားမှာဖြစ်တယ်ဆိုပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက ပြောကြားခဲ့ပါတယ်။

လောလောဆယ်မှာတော့ Huawei ရဲ့ HarmonyOS 2.0 ဟာ စမတ်ဖုန်းတွေမှာ ဘယ်လိုမျိုး Feature အသစ်တွေပါဝင်လာမလဲဆိုတာကိုတော့ မသိရသေးပေမယ့် Kirin Chipset ကို အသုံးပြုထားတဲ့ Huawei စမတ်ဖုန်းတွေအကုန်လုံး အသုံးပြုနိုင်ဖွယ်ရှိနေပါတယ်။ ဒါပေမယ့် လက်ရှိ EMUI 11 Software Update ရရှိထားတဲ့ဖုန်းတွေအနေနဲ့ အစောဆုံး Android OS ကနေ HarmonyOS 2.0 ကို ပြောင်းလဲနိုင်မယ်လို့ သိရပါတယ်။

Ref – Gizmo China