ပြီးခဲ့တဲ့နှစ်တုန်းက US အစိုးရကနေ Huawei ကုမ္ပဏီကို စတင်ပြီး ပိတ်ဆို့မှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် Huawei အနေနဲ့ US ကုမ္ပဏီတွေဖြစ်တဲ့ Qualcomm ၊ Google တို့ဆီက Chipset တွေနဲ့ Software တွေအသုံးပြုနေမှုကိုပါ ရပ်ဆိုင်းခဲ့ရပါတယ်။
အခုဆိုရင် Huawei ကနေ ထုတ်လုပ်နေတဲ့စမတ်ဖုန်းတွေဟာ ကိုယ်ပိုင် Kirin Chipset တွေအပြင် Google Mobile Services အစား Huawei Mobile Services ကိုပဲ ပြောင်းလဲအသုံးပြုလာပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း OS ပိုင်းမှာတော့ စမတ်ဖုန်းတွေမှာလည်း Android OS နဲ့ Laptop တွေမှာလည်း Windows 10 ကို ဆက်လက်အသုံးပြုနေဆဲဖြစ်ပါတယ်။
နောက်ဆုံး သိရှိရတဲ့သတင်းအရတော့ Huawei ကနေ လက်ရှိရောင်းချနေတဲ့ ကွန်ပျူတာတွေမှာ Windows 10 အစား ကိုယ်ပိုင် HarmonyOS 2.0 ကို ပြောင်းလဲအသုံးပြုသွားဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။ ယခုသတင်းကို တရုတ် Social Media Website တစ်ခုဖြစ်တဲ့ Weibo ကနေပေါက်ကြားခဲ့တာဖြစ်ပြီး အဆိုပါ ကွန်ပျူတာတွေမှာ Intel နဲ့ AMD Processor တွေအစား ကိုယ်ပိုင် Kunpeng Processor တွေကိုပါ အသုံးပြုလာမယ်လို့ ဖော်ပြခဲ့ပါတယ်။
HarmonyOS ဟာ Huawei ကနေ ပြီးခဲ့တဲ့နှစ်တုန်းက မိတ်ဆက်ခဲ့တဲ့ Micro Kernel ကို အခြေခံထားတဲ့ Cross-platform OS တစ်ခုဖြစ်ပြီး ပုံမှန် စမတ်ဖုန်းနဲ့ ကွန်ပျူတာတွေအပြင် Smartwatch ၊ ကားနဲ့ တခြားသော ပစ္စည်းတွေမှာပါ အသုံးပြုနိုင်အောင် ပြုလုပ်ထားတာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အခုလိုမျိုး Huawei ကနေ တကယ်သာ HarmonyOS 2.0 အသုံးပြုထားတဲ့ ကွန်ပျူတာတွေရောင်းချမယ်ဆိုရင် လက်ရှိ PC စျေးကွက်ရဲ့ အကြီးမားဆုံး Operating System တွေဖြစ်တဲ့ Windows 10 နဲ့ macOS တို့ကို ယှဥ်ပြိုင်နိုင်ပါ့မလားဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။
Ref – Giz China