Huawei က တရုတ်မှာ nova 11, nova 11 Pro နဲ့ nova 11 Ultra ကို ကြေညာလိုက်ပြီး အဲဒီအထဲမှာ အထူးခြားဆုံးက ဂြိုလ်တု ဆက်သွယ်ရေး ပါတဲ့ nova 11 Ultra ဖြစ်ပါတယ်။ အဲဒီဖုန်းမှာ Snapdragon 778G Chipset မောင်းနှင်ထားပေမယ့် 4G LTE ဆက်သွယ်မှုပဲ ပါပါတယ်။

Huawei unveils nova 11 series, Pro has dual selfie cameras, Ultra brings satellite messaging

Huawei nova 11 Ultra မှာ 6.78” 10-bit AMOLED 120Hz မျက်နှာပြင် တပ်ဆင်ထားပြီး 300Hz Touch Sampling Rate ထောက်ပံ့ထားပါတယ်။ Resolution က 2652x1200p ဖြစ်ပြီး မျက်နှာပြင် အထက် ဘယ်ဘက်ထောင့်မှာ ဆဲလ်ဖီး ကင်မရာ ၂ လုံးအတွက် ဆေးတောင့်ပုံ Punch Hole ပါပါတယ်။

Huawei unveils nova 11 series, Pro has dual selfie cameras, Ultra brings satellite messaging

အဲဒီ ကင်မရာတွေက 60MP Wide (100 Degree FoV ) နဲ့ 8MP 2x Optical Zoom တို့ ဖြစ်ပါတယ်။ အနောက်ဘက်မှာ 50MP Main , 8MP Ultrawide နဲ့ တခြား ကင်မရာ ၂ လုံးရဲ့ အရောင်ကို ချိန်ညှိပေးနိုင်တဲ့ “Ten-channel Color Temperature Sensor” တပ်ဆင်ထားပါတယ်။

Huawei nova 11 Ultra မှာ 100W Charging ထောက်ပံ့တဲ့ 4,500mAh Battery ထည့်သွင်းထားပြီး HarmonyOS 3.0 မောင်းနှင်ထားပါတယ်။ Green နဲ့ Black Version တွေရဲ့ အနောက်ဘက်မှာ Vegan Leather နဲ့ ဖုံးအုပ်ထားပါတယ်။ White နဲ့ Gold အရောင်တွေမှာတော့ အနောက်ဘက်ကို ဖန်နဲ့ ဖုံးအုပ်ထားပါတယ်။

512GB Storage Version ၁ မျိုးထဲ ထုတ်လုပ်ထားပြီး ယွမ် ၄,၄၉၉ (၆၅၅ ဒေါ်လာ) သတ်မှတ်ထားပါတယ်။ တရုတ်မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ဒီလ ၂၆ ရက်နေ့ ရောင်းမှာပါ။

Ref : gsmarena