Huawei ဟာ အခုအချိန်မှာ Google အပါအဝင် US အစိုးရရဲ့ ပိတ်ဆို့မှုကို ခံခဲ့ရတာ ၁ နှစ်ကျော်သက်တမ်းရှိနေပြီဖြစ်ပါတယ်။ အဲ့ဒီအတွက် လက်ရှိ Huawei စမတ်ဖုန်းတွေမှာ Google Mobile Services အစား Huawei Mobile Services (HMS) ကိုပဲ အသုံးပြုနေတာဖြစ်ပါတယ်။

Huawei Mobile Services (HMS) ဟာ အခုနောက်ပိုင်းမှာ Application တွေ Download ပြုလုပ်ဖို့အတွက် App Gallery အပြင် Petal Search လိုမျိုး Feature အသစ်တွေပါ ပါဝင်လာပြီဖြစ်တဲ့အတွက် အသုံးပြုရတာ ယခင်ကထက်အဆင်ပြေနေပြီဖြစ်ပါတယ်။ အခုလည်း Huawei ကနေ Google Mobile Services ထဲမှာ ပါဝင်တဲ့ Service ၂ ခုကို ယှဥ်ပြိုင်ဖို့အတွက် App ၂ မျိုးကို ထပ်မံမိတ်ဆက်ခဲ့ပါတယ်။

ဒါကတော့ Petal Maps နဲ့ Petal Docs လို့ နာမည်ပေးထားတဲ့ Application ၂ မျိုးပဲဖြစ်ပါတယ်။ Petal Maps ဟာ Google Maps နဲ့ တိုက်ရိုက်ယှဥ်ပြိုင်မှာဖြစ်သလို လောလောဆယ်မှာ နိုင်ငံပေါင်း ၁၄၀ ကျော်အထိ အသုံးပြုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ဘာသာစကားအနေနဲ့လည်း လောလောဆယ်မှာ English ၊ French ၊ Spanish ၊ German ၊ Italian နဲ့ Chinese လိုမျိုး ဘာသာစကားတွေကို ထောက်ပံ့ထားမှာဖြစ်ပါတယ်။

လောလောဆယ်မှာ Navigation အနေနဲ့လည်း Turn-by-Turn Navigation အပြင် 2D ၊ 3D Layout ၊ On-foot အပြင် တချို့သောမြို့ကြီးတွေမှာ Public Transportation တွေကိုပါ ထောက်ပံ့ပေးသွားမယ်လို့ သိရပါတယ်။ ဒါတင်မဟုတ်ဘဲ Air Gesture ပါဝင်တဲ့ Huawei စမတ်ဖုန်းတွေအနေနဲ့လည်း Air Gesture တွေကို အသုံးပြုနိုင်ဦးမှာပါ။ Search နဲ့ Navigation Data တွေကိုလည်း End-to-End Encrypted ပြုလုပ်ပေးထားမှာဖြစ်ပါတယ်။

Huawei Docs ကတော့ Google Docs နဲ့ ယှဥ်ပြိုင်ဖို့အတွက် Huawei ရဲ့ ကိုယ်ပိုင် Office App တစ်ခုဖြစ်လာမယ်လို့ သိရပါတယ်။ လောလောဆယ်မှာ လူသုံးများတဲ့ DOC ၊ PPT နဲ့ PDF တွေအပြင် Format ပေါင်း ၅၀ ကျော်ကို Support ပေးထားနိုင်သလို Real-time Cloud Sync နဲ့ Multi-user Support တွေလည်း ပါဝင်မှာဖြစ်ပါတယ်။ Huawei Docs ကိုတော့ နိုင်ငံပေါင်း ၁၀၀ ကျော်မှာ App Gallery ကနေ တစ်ဆင့် Download ပြုလုပ်နိုင်မှာပါ။

ဒါတင်မဟုတ်သေးဘဲ လက်ရှိ Petal Search Feature ကိုလည်း Google Lens လိုမျိုး Visual Search နဲ့ပါ ရှာဖွေနိုင်ပြီဖြစ်ပါတယ်။ အဆိုပါ Visual Search ဟာ လောလောဆယ်မှာတော့ လူတွေ၊ တိရစ္တာန်တွေ ၊ Landmark တွေနဲ့ အစားအစာတွေမှာပဲ အလုပ်လုပ်နိုင်ဦးမယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Huawei ရဲ့ ကိုယ်ပိုင် Huawei Mobile Services က တဖြည်းဖြည်းပိုကောင်းမွန်လာပြီဖြစ်ပါတယ်။

Ref – GSM Arena