Huawei Watch GT 2e ကို အိန္ဒိယမှာ မတ်လက ကြေညာခဲ့ပါတယ်။ ၁၁,၉၉၀ ရူပီး သတ်မှတ်ထားပြီး မြန်မာငွေ ၂ သိန်း ၂ သောင်းလောက်ရှိပါတယ်။ မေလ ၁၅ ရက်နေ့မှာ Amazon.in နဲ့ Flipkart တို့ကနေ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး Graphite Black , Lava Red နဲ့ Mind Green ၃ ရောင် ထုတ်လုပ်ပေးထားပါတယ်။ Amazon.in မှာ Watch GT 2e ကို မေလ ၁၅ ရက်နဲ့ ၂၁ ရက်အတွင်းမှာ ကြိုတင်မှာယူသူတွေဟာ ရူပီး ၃,၉၉၀ ( ၇ သောင်းကျော်)တန်တဲ့ Huawei AM61 Bluetooth Earphones ကို လက်ဆောင်ရမှာပါ။ Flipkart ကနေ မှာယူသူတွေအတွက် နားကြပ်ကို ၁ ရူပီးနဲ့ ဝယ်ယူနိုင်မှာပါ။

Huawei Watch GT 2e မှာ Kirin A1 SoC မောင်းနှင်ထားပြီး Watch GT 2 နဲ့ Freebuds 3 TWS Earphones တို့နဲ့ တူညီပါတယ်။ စမတ်နာရီမှာ ၁.၃၉ လက်မ Color AMOLED Touch မျက်နှာပြင်ပါလာပြီး 454x454p Resolution ရှိပါတယ်။ 4GB Storage ထည့်ထားပြီး GPS နဲ့ နှလုံးခုန်နှုန်းတိုင်းတာတဲ့ စွမ်းရည်တွေ ထောက်ပံ့ထားပါတယ်။ စမတ်နာရီက အိပ်စက်မှု အခြေအနေနဲ့ အားကစားနည်း ၁၅ မျိုးကို တွက်ချက်ပေးနိုင်ပြီး ရေအနက် မီတာ ၅၀ အထိ ဝတ်ဆင်နိုင်ပါတယ်။

Watch GT 2e မှာ 455mAh ဘက်ထရီ ပါလာပါတယ်။ နှလုံးခုန်နှုန်း စဉ်ဆက်မပြတ်တိုင်းတာတာနဲ့ အိပ်စက်မှု အခြေအနေကို တွက်ချက်တာတွေကို ဖွင့်ထားပြီး ၂၄ နာရီ ဝတ်ဆင်ရင် ၂ ပတ်လောက် အသုံးခံတယ်လို့ Huawei က ပြောပါတယ်။ ဒါ့အပြင်  GPS ဖွင့်ထားပြီး ၁ ပတ်မှာ မိနစ် ၉၀ လောက် လေ့ကျင့်ခန်းလုပ်လို့ရပါတယ်။

Ref : gsmarena