Unicode

Huawei ကနေ ပြီးခဲ့တဲ့နှစ်တုန်းက Google ရဲ့ Apps တွေနဲ့ Service တွေ အသုံးပြုဖို့ကို ပိတ်ပင်ခံထားရတာဖြစ်ပါတယ်။ အဲ့ဒီအတွက် Huawei အနေနဲ့ Google Services အစား ကိုယ်ပိုင် Huawei Mobile Service (HMS) ကို စတင်ပြောင်းလဲအသုံးပြုနေပြီလည်းဖြစ်ပါတယ်။

အခုလည်း Huawei ကနေ သူ့ရဲ့ စမတ်ဖုန်းတွေမှာ Maps Service အတွက် Google Maps ကို အသုံးပြုနိုင်ခြင်းမရှိတော့တဲ့အအတွက် TomTom Maps ကို ပြောင်းလဲအသုံးပြုသွားမယ်ဆိုပြီး ကြေညာလိုက်ပြီဖြစ်ပါတယ်။ ဒီလိုမျိုး အသုံးပြုမှုကို ကုမ္ပဏီ ၂ ခုလုံးက Agreement ရယူလိုက်တာဖြစ်ပြီးတော့ Huawei စမတ်ဖုန်းတွေမှာ TomTom Maps Service ကိုပဲ အသုံးပြုလာရဖို့ရှိနေပါတယ်။

ဘာကြောင့် ဒီ TomTom Maps ကို ရွေးချယ်ခဲ့သလဲဆိုတာကိုတော့ Huawei ကနေ ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေမယ့် ဖြစ်နိုင်တာက Google တင်မဟုတ်ဘဲ US ကုမ္ပဏီတွေအကုန်လုံးနဲ့ လက်တွဲလုပ်နိုင်ခြင်းမရှိအောင် ပိတ်ပင်ထားတာကြောင့်ဖြစ်နိုင်ပါတယ်။

TomTom ဟာဆိုရင် Dutch ကုမ္ပဏီတစ်ခုဖြစ်ပြီး ယခင်စမတ်ဖုန်းတွေမတိုင်ခင် အချိန်တုန်းက Maps Service မှာ စွန့်ဦးတီထွင်တဲ့ကုမ္ပဏီတစ်ခုဖြစ်ခဲ့တာလည်းဖြစ်ပါတယ်။ TomTom ဘက်က ပြောကြားချက်အရတော့ ယခင်ထဲက Huawei နဲ့ Agreement ရယူထားပြီးဖြစ်ပေမယ့် အခုအချိန်မှ တရားဝင် ကြေညာလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Huawei က မနှစ်တုန်းက Google နဲ့ US ကုမ္ပဏီတွေရဲ့ ပိတ်ဆို့မှုတွေခံခဲ့ရပေမယ့်လည်း စမတ်ဖုန်းအလုံးရေ သန်း ၂၄၀ ကျော်ရောင်းချနိုင်ခဲ့တဲ့အတွက် ဒီနှစ်မှာလည်း Huawei Mobile Service နဲ့ အလားတူအောင်မြင်မှုရရှိနိုင်မလားဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – Giz China

Zawgyi

Huawei ကေန ၿပီးခဲ့တဲ့ႏွစ္တုန္းက Google ရဲ႕ Apps ေတြနဲ႔ Service ေတြ အသုံးျပဳဖို႔ကို ပိတ္ပင္ခံထားရတာျဖစ္ပါတယ္။ အဲ့ဒီအတြက္ Huawei အေနနဲ႔ Google Services အစား ကိုယ္ပိုင္ Huawei Mobile Service (HMS) ကို စတင္ေျပာင္းလဲအသုံးျပဳေနၿပီလည္းျဖစ္ပါတယ္။

အခုလည္း Huawei ကေန သူ႔ရဲ႕ စမတ္ဖုန္းေတြမွာ Maps Service အတြက္ Google Maps ကို အသုံးျပဳႏိုင္ျခင္းမရွိေတာ့တဲ့အအတြက္ TomTom Maps ကို ေျပာင္းလဲအသုံးျပဳသြားမယ္ဆိုၿပီး ေၾကညာလိုက္ၿပီျဖစ္ပါတယ္။ ဒီလိုမ်ိဳး အသုံးျပဳမႈကို ကုမၸဏီ ၂ ခုလုံးက Agreement ရယူလိုက္တာျဖစ္ၿပီးေတာ့ Huawei စမတ္ဖုန္းေတြမွာ TomTom Maps Service ကိုပဲ အသုံးျပဳလာရဖို႔ရွိေနပါတယ္။

ဘာေၾကာင့္ ဒီ TomTom Maps ကို ေ႐ြးခ်ယ္ခဲ့သလဲဆိုတာကိုေတာ့ Huawei ကေန ထုတ္ေဖာ္ေျပာၾကားခဲ့ျခင္းမရွိေပမယ့္ ျဖစ္ႏိုင္တာက Google တင္မဟုတ္ဘဲ US ကုမၸဏီေတြအကုန္လုံးနဲ႔ လက္တြဲလုပ္ႏိုင္ျခင္းမရွိေအာင္ ပိတ္ပင္ထားတာေၾကာင့္ျဖစ္ႏိုင္ပါတယ္။

TomTom ဟာဆိုရင္ Dutch ကုမၸဏီတစ္ခုျဖစ္ၿပီး ယခင္စမတ္ဖုန္းေတြမတိုင္ခင္ အခ်ိန္တုန္ကး Maps Service မွာ စြန္႔ဦးတီထြင္တဲ့ကုမၸဏီတစ္ခုျဖစ္ခဲ့တာလည္းျဖစ္ပါတယ္။ TomTom ဘက္က ေျပာၾကားခ်က္အရေတာ့ ယခင္ထဲက Huawei နဲ႔ Agreement ရယူထားၿပီးျဖစ္ေပမယ့္ အခုအခ်ိန္မွ တရားဝင္ ေၾကညာလိုက္တာျဖစ္တယ္လို႔ သိရပါတယ္။

ဘာပဲျဖစ္ျဖစ္ Huawei က မႏွစ္တုန္းက Google နဲ႔ US ကုမၸဏီေတြရဲ႕ ပိတ္ဆို႔မႈေတြခံခဲ့ရေပမယ့္လည္း စမတ္ဖုန္းအလုံးေရ သန္း ၂၄၀ ေက်ာ္ေရာင္းခ်ႏိုင္ခဲ့တဲ့အတြက္ ဒီႏွစ္မွာလည္း Huawei Mobile Service နဲ႔ အလားတူေအာင္ျမင္မႈရရွိႏိုင္မလားဆိုတာကို ဆက္လက္ေစာင့္ၾကည့္ရမွာပါ။

Ref – Giz China