Unicode

Huawei ကနေ Mid Range စမတ်ဖုန်းတစ်လုံးဖြစ်တဲ့ Huawei Y9 Prime (2019) ကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် မေလတုန်းက မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ Y9 Prime (2019) ဟာဆိုရင် ပြီးခဲ့တဲ့နှစ် သြဂုတ်လတုန်းက EMUI 9.1 Update ကို ရရှိခဲ့သလို အခုလည်း EMUI 10 Update ကို ရရှိနေပြီလို့ သိရပါတယ်။

ဒီတစ်ကြိမ် Huawei Y9 Prime (2019) အတွက် EMUI 10 Update ဟာ Android 10 ကိုပါ အခြေခံလာတဲ့အတွက် Dark Mode Feature အသစ်ကိုပါရရှိလာတာလည်းဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Morandi Color ကို Inspired ရယူထားတဲ့ Color Scheme အသစ်အပြင် Magazine Design အသစ်လည်းပါဝင်လာမယ်လို့ သိရပါတယ်။

နောက်ထပ် ဒီ EMUI 10 Update မှာ Instant Feedback ရရှိလာတဲ့ Animation အသစ်တွေ၊ Movement တွေကိုပိုပြီး Smooth ဖြစ်အောင်လည်း ပြုလုပ်ထားသလို Response Time ကလည်း ပိုပြီး မြန်ဆန်လာမယ်လို့ သိရပါတယ်။ ဘာပဲဖြစ်ဖြစ် Huawei Y9 Prime (2019) စမတ်ဖုန်းဟာဆိုရင် Pop-up Selfie Camera ကြောင့် FullView Display ပါဝင်တဲ့ စမတ်ဖုန်းတစ်လုံးဖြစ်သလို Kirin 710F Processor ကို အသုံးပြုထားတဲ့အတွက် Mid Range ဖုန်းတစ်ခုအနေနဲ့ မဆိုဘူးလို့ပြောလို့ရပါတယ်။ ဒီလိုမျိုး Android 10 Update ကိုပါ ပြုလုပ်နိုင်တဲ့အတွက် တခြားသော Mid Range ဖုန်းတွေနဲ့ ယှဥ်ရင်လည်းပိုပြီး အားသာနေပြန်ပါတယ်။

လောလောဆယ်မှာ Huawei Y9 Prime (2019) အတွက် EMUI 10 Update ကို India မှာ စတင်ရရှိနေပြီလို့သိရပြီးတော့ Update ရမရကို HiCare App ကနေ တစ်ဆင့် စစ်ဆေးနိုင်မှာဖြစ်ပါတယ်။

Ref – GSM Arena

Zawgyi

Huawei ကေန Mid Range စမတ္ဖုန္းတစ္လုံးျဖစ္တဲ့ Huawei Y9 Prime (2019) ကို ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္ ေမလတုန္းက မိတ္ဆက္ခဲ့တာျဖစ္ပါတယ္။ အဆိုပါ Y9 Prime (2019) ဟာဆိုရင္ ၿပီးခဲ့တဲ့ႏွစ္ ၾသဂုတ္လတုန္းက EMUI 9.1 Update ကို ရရွိခဲ့သလို အခုလည္း EMUI 10 Update ကို ရရွိေနၿပီလို႔ သိရပါတယ္။

ဒီတစ္ႀကိမ္ Huawei Y9 Prime (2019) အတြက္ EMUI 10 Update ဟာ Android 10 ကိုပါ အေျခခံလာတဲ့အတြက္ Dark Mode Feature အသစ္ကိုပါရရွိလာတာလည္းျဖစ္ပါတယ္။ ဒါတင္မဟုတ္ေသးဘဲ Morandi Color ကို Inspired ရယူထားတဲ့ Color Scheme အသစ္အျပင္ Magazine Design အသစ္လည္းပါဝင္လာမယ္လို႔ သိရပါတယ္။

ေနာက္ထပ္ ဒီ EMUI 10 Update မွာ Instant Feedback ရရွိလာတဲ့ Animation အသစ္ေတြ၊ Movement ေတြကိုပိုၿပီး Smooth ျဖစ္ေအာင္လည္း ျပဳလုပ္ထားသလို Response Time ကလည္း ပိုၿပီး ျမန္ဆန္လာမယ္လို႔ သိရပါတယ္။ ဘာပဲျဖစ္ျဖစ္ Huawei Y9 Prime (2019) စမတ္ဖုန္းဟာဆိုရင္ Pop-up Selfie Camera ေၾကာင့္ FullView Display ပါဝင္တဲ့ စမတ္ဖုန္းတစ္လုံးျဖစ္သလို Kirin 710F Processor ကို အသုံးျပဳထားတဲ့အတြက္ Mid Range ဖုန္းတစ္ခုအေနနဲ႔ မဆိုဘူးလို႔ေျပာလို႔ရပါတယ္။ ဒီလိုမ်ိဳး Android 10 Update ကိုပါ ျပဳလုပ္ႏိုင္တဲ့အတြက္ တျခားေသာ Mid Range ဖုန္းေတြနဲ႔ ယွဥ္ရင္လည္းပိုၿပီး အားသာေနျပန္ပါတယ္။

ေလာေလာဆယ္မွာ Huawei Y9 Prime (2019) အတြက္ EMUI 10 Update ကို India မွာ စတင္ရရွိေနၿပီလို႔သိရၿပီးေတာ့ Update ရမရကို HiCare App ကေန တစ္ဆင့္ စစ္ေဆးႏိုင္မွာျဖစ္ပါတယ္။

Ref – GSM Arena