Huawei ဟာ Mate 40 Series ဖုန်းတွေကို Global စျေးကွက်အတွက် မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ တရုတ်နိုင်ငံအတွက်လည်း အောက်တိုဘာလ ၃၀ ရက်နေ့မှာ တရားဝင်မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

အခုအချိန်မှာလည်း Huawei Consumer Business ရဲ့ CEO ဖြစ်တဲ့ Richard Yu ကနေ တရုတ်နိုင်ငံမှာ မိတ်ဆက်မယ့် Huawei Mate 40 Series ဖုန်းတွေနဲ့ ပတ်သက်ပြီးတော့ သတင်းတစ်ခုကို ပြောကြားခဲ့ပါတယ်။ ဒါကတော့ တရုတ်နိုင်ငံမှာ မိတ်ဆက်သွားမယ့် Huawei Mate 40 Series ဖုန်းတွေမှာ Special Feature အသစ်တွေလည်း ပါဝင်လာမယ်ဆိုတာကို အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။

အဆိုပါ Special Feature အသစ်တွေက ဘယ်လိုမျိုးဖြစ်မလဲဆိုတာကိုတော့ အတိအကျမသိရသေးပေမယ့် ဖြစ်နိုင်ခြေများနေတာကတော့ တရုတ်နိုင်ငံအတွင်းမှာပဲ အသုံးပြုနိုင်မယ့် Feature တွေလည်း ဖြစ်လာနိုင်ပါတယ်။ လောလောဆယ်မှာ JD.com Website လိုမျိုးမှာလည်း Mate 40 Series တွေဟာ Pre-order ကို ၂၈ စက္ကန့်အတွင်း ရောင်းကုန်သွားတဲ့အတွက် တရုတ်နိုင်ငံအတွင်းမှာတော့ အောင်မြင်ဦးမှာပါ။

Huawei Mate 40 Series စမတ်ဖုန်းတွေဟာ 6.76″ Flex OLED Display ကိုမှ 90Hz Refresh Rate နဲ့ 240Hz Touch Sampling Rate ကို Support ပြုလုပ်မှာဖြစ်ပါတယ်။ Chipset အနေနဲ့လည်း 5nm Architecture ကို အခြေခံထားတဲ့ HiSilicon Kirin 9000 Chipset ကို အသုံးပြုထားပါတယ်။

Camera ပိုင်းအနေနဲ့လည်း Mate 40 Pro က 50MP Primary Sensor ၊ 20MP Ultrawide Cine Sensor နဲ့ 12MP Telephoto Sensor တွေပါဝင်မှာဖြစ်ပြီး Mate 40 Pro+ ဖုန်းမှာတော့ နောက်ထပ် 8MP Telephoto Sensor အပြင် ToF Depth Sensor လည်းထည့်သွင်းထားမယ်လို့ သိရပါတယ်။ Huawei Mate 40 Pro နဲ့ Mate 40 Pro+ ဖုန်းတွေဟာ 66W Wired Fast Charging နဲ့ 50W Wireless Charging တွေကိုလည်း Support ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

Ref – Gizmo China