Huawei ရဲ့ ကိုယ်ပိုင်လျှပ်စစ်ကားကုမ္ပဏီ Brand တစ်ခုဖြစ်တဲ့ AITO ကနေ အခုအချိန်မှာ M5 နဲ့ M7 လျှပ်စစ်ကားတွေကို တရုတ်နိုင်ငံတွင်းမှာ မိတ်ဆက်ရောင်းချနေပြီဖြစ်ပါတယ်။ အခုလည်း AITO ကနေ M9 လျှပ်စစ်ကားကို ထပ်မံမိတ်ဆက်ဖို့စီစဥ်နေပြီး ကုမ္ပဏီရဲ့ အကောင်းဆုံးနဲ့ စျေးအကြီးဆုံးဖြစ်လာမှာပါ။

AITO M9 လျှပ်စစ်ကားဟာ Mercedes နဲ့ Range Rover လိုမျိုး Luxury Brand တွေကို တိုက်ရိုက်ယှဥ်ပြိုင်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပြီး Huawei အနေနဲ့ နည်းပညာပိုင်းမှာ ယှဥ်ပြိုင်နိုင်အောင် နှစ်နဲ့ချီပြီး Develop ပြုလုပ်နေတယ်လို့ သိရပါတယ်။ အခုအချိန်မှာဆိုရင် အဆိုပါ AITO M9 နဲ့ ပတ်သက်ပြီး အချက်အလက်တွေအနည်းငယ်ထွက်ပေါ်လာခဲ့ပါတယ်။

အရင်ဆုံးအနေနဲ့ AITO M9 လျှပ်စစ်ကားဟာ Huawei ကနေ လာမယ့် သြဂုတ်လ ၄ ရက်နေ့မှာ မိတ်ဆက်ဖို့စီစဥ်ထားတဲ့ HarmonyOS 4.0 ကို အသုံးပြုထားမှာဖြစ်ပါတယ်။ အဆိုပါ လျှပ်စစ်ကားဟာ Rear-wheel Steering နည်းပညာပါဝင်မှာဖြစ်ပြီး အလွန်နည်းပါးတဲ့ Turning Radius ဖြစ်တဲ့ 5,800mm ပဲရှိမှာဖြစ်ပါတယ်။ ကားရဲ့ အမြင့်ကလည်း 1,850mm အောက်ပဲရှိမယ်လို့ သိရပါတယ်။

ဒါ့အပြင် အရှေ့ဘက်မှာ စီးနင်းသူထိုင်ခုံအတွက် Screen ပါဝင်မှာဖြစ်သလို နောက်ဖက်စီးနင်းသူတွေအတွက် Laser Projector ကို ထည့်သွင်းထားမှာဖြစ်ပါတယ်။ AITO M9 လျှပ်စစ်ကားဟာ ပြန်အားသွင်းတဲ့အချိန်မှာ 800V Platform ကို အသုံးပြုထားမှာဖြစ်တာကြောင့် အားသွင်းတဲ့အချိန်က အလွန်မြန်ဆန်မယ်လို့ သိရပါတယ်။

Ref – Arena EV