Huawei ဟာ Google Mobile Services ကို အသုံးပြုနိုင်ခြင်းမရှိတော့တဲ့အတွက် ကိုယ်ပိုင် App Store တစ်ခုဖြစ်တဲ့ App Gallery ကို ပြောင်းလဲအာရုံစိုက်နေတာဖြစ်ပါတယ်။ အခုလည်း အဆိုပါ App Gallery App ကို User Interface အသစ်အပြင် ပိုပြီး အသုံးပြုရလွယ်ကူအောင် Design ပြောင်းလဲလိုက်ပါတယ်။

ယခု Design ပြောင်းလဲမှုမှာ အဓိကပါဝင်လာတာကတော့ “Featured” Tab အသစ်ဖြစ်ပြီး Application တစ်ခုချင်းစီနဲ့ သက်ဆိုင်တဲ့ ဓါတ်ပုံတွေ၊ Guide တွေနဲ့ Article တွေကို Card-style နဲ့ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် ဘယ်လို App တွေက အသုံးပြုသူတွေအတွက် အဆင်ပြေစေနိုင်မလဲဆိုတာကိုလည်း ကြည့်လိုက်တာနဲ့ ရွေးချယ်နိုင်မှာပါ။

နောက်ထပ်လည်း Cashback Discount တွေ၊ Lucky Draw တွေနဲ့ Reward တွေရရှိနိုင်မယ့် Challenge Feature တွေပါဝင်တဲ့ “Campaign” Tab လည်းပါဝင်လာမယ်လို့ သိရပါတယ်။ နောက်ပြီး Game Credit လိုမျိုး Premium Service တွေကို ရရှိနိုင်မယ့် “Gift” Tab လည်း ထည့်သွင်းထားပါသေးတယ်။

ဒါတင်မဟုတ်သေးဘဲ အသုံးပြုသူတွေအတွက် ရွေးချယ်ရလွယ်ကူစေအောင် Application နဲ့ Game တွေကို Tab သီးသန့်စီ ဖော်ပြပေးသွားတော့မှာဖြစ်ပါတယ်။ Review တွေနဲ့ Rating တွေကိုလည်း ပိုပြီး လွယ်ကူစွာမြင်တွေ့ရအောင် ဖော်ပြထားတဲ့အတွက် အရည်အသွေးကောင်းမွန်တဲ့ App တွေကို စိတ်ကြိုက်ရွေးချယ်နိုင်မှာပါ။

Huawei ရဲ့ App Gallery ဟာ လစဥ်အသုံးပြုနေသူ သန်း ၅၀၀ ကျော်ရှိနေပြီး သိသိသာသာအောင်မြင်မှုရရှိလာနေပြီဖြစ်ပါတယ်။ ယခု App Gallery Update ဟာလည်း Europe အပါအဝင် နိုင်ငံအကုန်လုံးအတွက် စတင်ထုတ်ပေးနေပြီလို့ သိရပါတယ်။

Ref – GSM Arena