Huawei ဟာ လျှပ်စစ်ကား နယ်ပယ်ထဲကို ဝင်ရောက်ဖို့ ကြိုးစားနေပြီး ကုမ္ပဏီရဲ့ ပထမဆုံး လျှပ်စစ်ကားကို ဒီကွာတား ဖြစ်တဲ့ ဇူလိုင်လကနေ စက်တင်ဘာလအတွင်း ရောင်းချတော့မှာပါ။ အဲဒီကားဟာ Huawei ရဲ့ HarmonyOS 4 Operating System ပါတဲ့ ပထမဆုံး ကား ဖြစ်လာမှာပါ။ Huawei က မျှဝေထားတဲ့ ပိုစတာအရ ကားရဲ့ ဒီဇိုင်းဟာ ရိုးရှင်း လှပပါတယ်။
ကား အရှေ့ဘက်မှာ အရွယ်ကြီး လုံးဝိုင်းတဲ့ မီးလုံးတွေ တပ်ဆင်ထားပြီး “LUXEED” ဆိုတဲ့ ကား အမည်ကို ရေးထိုးထားပါတယ်။ ကားဘေးဘက်မှာ တံခါးဖွင့်တဲ့ လက်ကိုင်တွေကို ဖွက်ထားတဲ့ ဒီဇိုင်း အသုံးပြုထားပြီး ကား ဒီဇိုင်းဟာ Sports ဆန်ပါတယ်။
ကား ခေါင်မိုးမှာ ရေဒါ တပ်ဆင်ထားတဲ့အတွက် ဉာဏ်ရည်မြင့် ကားမောင်းတဲ့ စနစ် ပါလာနိုင်ပါတယ်။ Huawei ဟာ ပြိုင်ဆိုင်မှု ပြင်းထန်နေတဲ့ လျှပ်စစ်ကား နယ်ပယ်မှာ နေရာရဖို့ ကြိုးစားရမှာ သေချာပါတယ်။
Huawei ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ကား နည်းပညာမှာ များစွာ ရင်းနှီးမြှုပ်နှံထားပြီး Cyrus နဲ့ BAIC တို့ အပါအဝင် ကားထုတ်လုပ်သူများစွာနဲ့ ပူးပေါင်းထားပါတယ်။ Luxeed ကို ဘယ်ကုမ္ပဏီက ထုတ်လုပ်ပေးသလဲဆိုတာ မသိရသေးပေမယ့် Chery လို့ လူတော်တော်များများက ယူဆထားပါတယ်။
Luxeed ကို Chery ရဲ့ ကား တချို့မှာ သုံးထားတဲ့ တူညီတဲ့ ဒီဇိုင်းနဲ့ တည်ဆောက်ထားမယ်လို့ သတင်းထွက်နေပါတယ်။ အဲဒီအတွက် Huawei နဲ့ Chery တို့ဟာ အဲဒီကားကို ပူးပေါင်း ထုတ်လုပ်ထားတာလို့ ထင်ပါတယ်။
Huawei က Luxeed ရဲ့ သတင်းအချက်အလက်တွေကို နောက်လတွေမှာ ပိုမို ကြေညာမယ်လို့ ပြောပါတယ်။
Ref : gizmochina