တရုတ်အခြေစိုက် နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ Huawei ဟာ စမတ်ဖုန်းဈေးကွက်မှာ ဦးဆောင်သူဖြစ်အောင် ပစ်မှတ်ထားနေတယ်ဆိုပေမယ့် အခြားနယ်ပယ်တွေမှာလည်း ထိပ်တန်းနေရာရောက်အောင် ကြိုးစားနေတာကို တွေ့မြင်နိုင်ပါတယ်။ ဒါကို HiSilicon Chip တွေက သက်သေပြနေပါတယ်။

ဒီနေ့ခေတ် စမတ်ဖုန်းလောကမှာ Huawei ရဲ့ HiSilicon chip တွေကိုလည်း အတော်များများက နှစ်သက်လက်ခံလာကြပြီ ဖြစ်ပါတယ်။ မကြာသေးမီကပြုလုပ်ခဲ့တဲ့ ဈေးကွက်သုတေသနအရ Fabless chipmaker ဟာ ကမ္ဘာ့ Semiconductor ထုတ်လုပ်မှု ထိပ်ဆုံး ၁၀ နေရာမှာ ပါဝင်လာတာကို တွေ့မြင်ရပါတယ်။ တရုတ်ကုမ္ပဏီတစ်ခုအနေနဲ့ ပထမဆုံး လည်းဖြစ်ပါတယ်။

ကုမ္ပဏီရဲ့ တိုးတက်မှုဟာ တစ်နှစ်တည်းမှာပဲ အဆင့် ၁၅ ကနေ အဆင့် ၁၀ အထိ ခုန်တက်နိုင်ခဲ့တာပါ။ တစ်နှစ်ထက်တစ်နှစ်တိုးတက်မှုနှုန်းကလည်း ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ပထမသုံးလပတ်နဲ့ နှိုင်းယှဉ်ကြည့်ရင် အထင်ကြီးစရာနှုန်းအဖြစ် ၅၄% အထိ တိုးတက်လာတာကိုတွေ့ရပါတယ်။

Nvidia လည်း ထိပ်ဆုံး ၁၀ နေရာထဲကိုဝင်လာတာတွေ့မြင်ရပါတယ်။ သူ့ရဲ့တိုးတက်မှုကတော့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ပထမသုံးလပတ်နဲ့ နှိုင်းယှဉ်ရင် ၃၇% အထိ မြင့်တက်လာတာ ဖြစ်ပါတယ်။ TSMC တော့ ဈေးကွက်ကြီးထွားလာတာနဲ့အမျှ အကျိုးအမြတ်တွေ ပိုရလာတာဖြစ်ပြီး 7nm chip မှာယူမှုတွေကြောင့် တစ်နှစ်ထက်တစ်နှစ် ဝင်ငွေ ၄၅% တိုးတက်လာတယ်လို့ သိရပါတယ်။

Ref: GSM Arena