Huawei က ၃ ခေါက်ချိုး Mate XT Ultimae Design ကို ရောင်းချတော့မှာ ဖြစ်ပြီး တရုတ်မှာ လူကြိုက်များနေပါတယ်။

Huawei ဟာ ဒီလ ၇ ရက်နေ့က ကြိုတင်မှာယူခွင့်ပြုလုပ်ပေးခဲ့ပြီး ၂ ရက်အတွင်းမှာ မှာယူသူ ၃ သန်း ရှိသွားပါပြီ။ ကြိုတင်မှာယူထားသူတိုင်းဟာ တကယ် ဝယ်ယူကြမှာ မဟုတ်ပေမယ့် လူစိတ်ဝင်စားနေတာ သိသာပါတယ်။

Mate XT အတွက် Dark Black, Crimson Red, classic White နဲ့ Green အရောင်တွေ ထုတ်လုပ်ထားပါတယ်။ 16GB RAM နဲ့ 512GB or 1TB Storage ထည့်သွင်းထားပါတယ်။

Huawei debuts triple-folding Mate XT smartphone • The Register

ပေါက်ကြားသတင်းအရ Mate XT ကို ဖြန့်ထားရင် 10” Display ကို အသုံးပြုနိုင်မှာ ဖြစ်ပြီး ဆဲလ်ဖီး ကင်မရာကို Punch Hole မှာ တပ်ဆင်ထားမှာပါ။ ဆဲလ်ဖီး ကင်မရာက 8MP ဖြစ်မယ်လို့ သတင်းထွက်နေပါတယ်။

အနောက်ဘက်မှာ 50MP Main , 13MP Ultrawide နဲ့ Periscope Telephoto ကင်မရာတွေ တပ်ဆင်ထားမှာပါ။ Kirin 9 Series Chipset ထည့်သွင်းထားမှာ ဖြစ်ပြီး မော်ဒယ် အသေးစိတ်ကို မသိရသေးပါဘူး။

ကျန်တဲ့ Specs တွေကိုတော့ မသိရသေးပါဘူး။ ဈေးနှုန်းကို မသိရသေးပေမယ့် ၁၅,၀၀၀ ယွမ် ( ဒေါ်လာ ၂,၁၀၀ ဝန်းကျင်) ရှိမယ်လို့ သတင်းထွက်နေပါတယ်။

Ref : gizmochina