Hyundai Motor Group က ကားထုတ်လုပ်ရေးလုပ်ငန်းမှာ စက်ရုပ်တွေကို အသုံးပြုဖို့ အမေရိကန်ရဲ့ စက်ရုပ်ကုမ္ပဏီ ဖြစ်တဲ့ Boston Dynamics နဲ့ပူးပေါင်းလိုက်ပါတယ်။

Hyundai to expand robot fleet with tens of thousands Atlas units from Boston  Dynamics

Hyundai က အမေရိကန် ကုမ္ပဏီမှာ ဒေါ်လာ ၂၁ ဘီလီယမ် ရင်းနှီးမြှပ်နှံမှာ ဖြစ်ပြီး ကနဦးအနေနဲ့ ဒေါ်လာ ၆ ဘီလီယမ် ရင်းနှီးမြှပ်နှံထားပါတယ်။ ကုမ္ပဏီက ကမ္ဘာ့ ထိပ်တန်း ကားထုတ်လုပ်သူ ဖြစ်လာအောင် Boston Dynamics ထံကနေ စက်ရုပ် ထောင်ပေါင်းများစွာကို ဝယ်ယူမှာ ဖြစ်ပါတယ်။

Hyundai Motor Buys 80% of Robotics Firm Boston Dynamics - Bloomberg

Hyundai ဟာ လက်ရှိမှာ Boston Dynamics ရဲ့ Spot စက်ရုပ်တွေကို ကားထုတ်လုပ်ရေးလုပ်ငန်းမှာ အသုံးပြုနေပါတယ်။ စက်ရုပ်တွေက ကားတွေကို စစ်ဆေးပြီး ပြုပြင်ထိန်းသိမ်းတာတွေ ပြုလုပ်နိုင်ပါတယ်။ အခုတော့ Hundai က ကား စက်ရုံမှာ Atlas လူတူ စက်ရုပ်တွေကို အသုံးပြုဖို့ စီစဉ်နေပါတယ်။

လျှပ်စစ်စွမ်းအင်သုံး Atlas စက်ရုပ် အသစ်ဟာ အရင် မော်ဒယ်တွေထက် ပိုသန်မာပြီး အသုံးဝင်ပါတယ်။ စက်ရုပ်က လေးလံတဲ့ အရာဝတ္ထုတွေကို သယ်မနိုင်ပါတယ်။ Boston Dynamics ဟာ လူတူစက်ရုပ်တွေကို ရောင်းချနိုင်တဲ့ ကုမ္ပဏီ အနည်းငယ်ထဲမှာ ပါဝင်လာပြီ ဖြစ်ပါတယ်။

Ref : Technology Innovation