Apple က သူ့ရဲ့ ပထမဆုံး ခေါက်ဖုန်းကို တော်တော်ရောင်းကောင်းမယ်လို့ ထင်ထားပုံရပါတယ်။ iPhone Ultra လို့ အမည်ပေးထားတဲ့ Apple ရဲ့ ပထမဆုံး ခေါက်ဖုန်းကို လာမယ့် စက်တင်ဘာလမှာ iPhone 18 Pro စီးရီးတွေနဲ့အတူ မိတ်ဆက်သွားမယ်လို့ မျှော်လင့်ရပါတယ်၊၊ အဲဒီလို မိတ်မဆက်ခင်မှာပဲ Apple က ပစ္စည်းပေးသွင်းတဲ့ ကုမ္ပဏီတွေကို ၂၀၂၆ ခုနှစ်အတွင်း ခေါက်ဖုန်း အလုံးရေ ၁၀ သန်းဝန်းကျင် ထုတ်လုပ်ပေးဖို့ မှာယူထားတယ်လို့ Nikkei Asia သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်၊၊ အရင်ထွက်ထားတဲ့ သတင်းတွေမှာတော့ အစောပိုင်း ထုတ်လုပ်မှုပမာဏကို အလုံးရေ ၇ သန်းကနေ ၈ သန်းကြားပဲ ရည်မှန်းထားတာ ဖြစ်ပါတယ်၊၊

ဒါ့အပြင် Apple က ပစ္စည်းပေးသွင်းသူတွေကို iPhone 18 Pro နဲ့ iPhone 18 Pro Max အလုံးရေ သန်း ၇၀ ထပ်တိုးထုတ်လုပ်ဖို့ ပြောထားတာကြောင့် ၂၀၂၆ ခုနှစ်အတွက် iPhone မော်ဒယ်အသစ်တွေရဲ့ စုစုပေါင်း ထုတ်လုပ်မှု ရည်မှန်းချက်ဟာ အလုံးရေ သန်း ၂၂၀ နီးပါး ရှိလာမှာ ဖြစ်ပါတယ်၊၊ ကုမ္ပဏီဘက်ကလည်း ၂၀၂၆ ခုနှစ် ဒုတိယနှစ်ဝက်မှာ အလုံးရေ ၈၅ သန်းအထိ အပိုဆောင်းမှာယူမှုတွေ ရှိလာနိုင်တာကြောင့် ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်တဲ့ အစိတ်အပိုင်းအချို့ကို ဖယ်ချန်ထားခိုင်းထားတယ်လို့ သိရပါတယ်၊၊

အဲဒီ ခေါက်ဖုန်း အသစ်အပြင် iPhone 18 Pro နဲ့ iPhone 18 Pro Max တို့ကို လာမယ့် စက်တင်ဘာလ ၈ ရက်နေ့မှာ ကြေညာသွားဖို့ ရှိနေပါတယ်၊၊ ကောလာဟလ သတင်းတွေအရ iPhone Ultra ရဲ့ စျေးနှုန်းဟာ အမေရိကန်ဒေါ်လာ ၂,၅၀၀ ဝန်းကျင်ကနေ စတင်မှာ ဖြစ်ပြီး Storage မြင့်မားတဲ့ မော်ဒယ်တွေအတွက် ၃,၀၀၀ ဒေါ်လာအထိ ကျသင့်နိုင်တယ်လို့ သိရပါတယ်၊၊
Ref : gsmarena