အမေရိကန် သမ္မတဟောင်း Donald Trump က Cryptocurrency Fan ၁ ယောက် မဟုတ်ဘဲ အနာဂတ်မှာ ပျက်ဆီးမှာလို့ Fox News နဲ့ အင်တာဗျူးမှာ ပြောကြားလိုက်ပါတယ်။ သူက “ Cryptocurrency လို့ခေါ်တဲ့ ဒစ်ဂျစ်တယ် ငွေကြေးဟာ တစ်နေ့နေ့မှာ ပျက်ဆီးသွားမှာပါ။ အဲဒါဟာ အရမ်းကို အန္တရာယ်ရှိတယ်လို့ ထင်ပါတယ်။ “ လို့ ပြောပါတယ်။
သူ့ရဲ့ ဇနီး Melania Trump ဟာ 1 Solana ( ၁၈၀ ဒေါ်လာဝန်းကျင်) ရှိတဲ့ သူမကိုယ်ပိုင် NFTs တွေကို ရောင်းချမယ်လို့ ပြီးခဲ့တဲ့ ၁ ပတ်က ကြေညာခဲ့ပြီးနောက်မှာ Donald Trump ရဲ့ မှတ်ချက် အခု ထွက်လာတာ ဖြစ်ပါတယ်။
ယခင် First Lady ဖြစ်သူက “ ကျွန်မရဲ့ အနုပညာအပေါ် နှစ်သက်မှုကို အခြေခံထားတဲ့ NFTs တွေကို ရောင်းချရမှာ ဂုဏ်ယူပါတယ်။ အဲဒီကရတဲ့ ဝင်ငွေတွေနဲ့ ကလေးငယ်တွေကို ကူညီထောက်ပံ့မှာ ဖြစ်ပါတယ်။ အဲဒီ နည်းပညာ အခြေပြု ပလက်ဖောင်းကနေ Programming နဲ့ Software Development အပါအဝင် ကလေးတွေ ကွန်ပြူတာ သိပ္ပံပညာရပ်တွေ သင်ကြားနိုင်အောင် ထောက်ပံ့မှာပါ။ “ လို့ ပြီးခဲ့တဲ့ ၁ ပတ်က ပြောကြားခဲ့ပါတယ်။
ဒါပေမယ့် Donald Trump ကတော့ သူ့ဇနီးလိုမျိုး NFTs နဲ့ Cryptocurrency တွေကို ရင်ခုန်မှာ မဟုတ်ဘူးဆိုတာ Fox News နဲ့ အင်တာဗျူးက ဖော်ပြနေပါတယ်။
Donald Trump က “ ဒေါ်လာကို ကြိုက်တဲ့အတွက် ဒစ်ဂျစ်တယ်ငွေကြေးတွေကို ဘယ်တုန်းကမှ မနှစ်သက်ခဲ့ပါဘူး။ အမေရိကန်ရဲ့ ငွေကြေးဟာ ဒေါ်လာပဲ ဖြစ်သင့်ပါတယ်။ ဒါပေမယ့် ဒစ်ဂျစ်တယ် ငွေကြေးတွေ ကြီးထွားလာတာကို ဘယ်သူကမှ မတားမြစ်ကြပါဘူး။ ကျွန်တော် ဒေါ်လာကိုပဲ အလိုရှိပြီး ကျန်တဲ့ ငွေကြေးအားလုံး မလိုချင်ပါဘူး။ “ လို့ ပြောပါတယ်။
Ref : finance.yahoo