ကုမ္ပဏီ တစ်ခုမှာ အလုပ်သင် အဖြစ် အလုပ်လုပ်ခဲ့ပြီး နောက်ပိုင်း အဲဒီ ကုမ္ပဏီရဲ့ ပြိုင်ဖက် ဖြစ်အောင် ပြုလုပ်ခဲ့တဲ့ လူဟာ တော်တော် အထင်ကြီးစရာ ကောင်းပါတယ်။ အဲဒီလူကတော့ TikTok ရဲ့ CEO ဖြစ်ပါတယ်။
Shou Zi Chew ဟာ ဇူကာဘတ် လက်အောက်မှာ အလုပ်သင် ဝန်ထမ်း အဖြစ် အလုပ်လုပ်ခဲ့ပြီး Facebook မှာ အခြေခံ အလုပ်တွေကို လုပ်ကာ ပညာသင်ယူခဲ့ပါတယ်။ နောက် ၁၀ နှစ်အကြာမှာတော့ သူဟာ TikTok ကို အောင်မြင်စွာ တည်ထောင်နိုင်ခဲ့ပြီး Facebook နဲ့ Instagram ရဲ့ အကြီးမားဆုံး ပြိုင်ဖက် ဖြစ်လာခဲ့ပါတယ်။
သူဟာ Facebook မှာ အလုပ်လုပ်ပြီးနောက်မှာ Goldman Sachs , Xiaomi နဲ့ ByteDance တို့လို နာမည်ကြီး ကုမ္ပဏီများစွာမှာ အလုပ်လုပ်ခဲ့ပါတယ်။ သူဟာ နည်းပညာ လောကမှာ ကုမ္ပဏီများစွာမှာ ကျင်လည်ကျက်စားခဲ့ပါတယ်။ အခုတော့ သူဟာ TikTok ရဲ့ ခေါင်းဆောင် ဖြစ်လာပြီး ထူးခြားဆန်းသစ်တဲ့ Creation များစွာကို ဖန်တီးပေးနေပါတယ်။ TikTok ဟာ လူငယ်တွေအကြားမှာ အလွန် ရေပန်းစားနေပါတယ်။ Facebook နဲ့ Instagram ကတောင် TikTok ကို ကော်ပီကူးဖို့ ကြိုးစားနေကြပါတယ်။
ဒီဖြစ်ရပ် ကလေးက သင်ဟာ ကုမ္ပဏီ တစ်ခုရဲ့ အလုပ်သင် ဝန်ထမ်း ဖြစ်နေပေမယ့် တစ်ချိန်မှာ အဲဒီ ကုမ္ပဏီရဲ့ ပြိုင်ဖက် ဖြစ်လာနိုင်တယ်ဆိုတာကို သက်သေပြသနေပါတယ်။ နည်းပညာ လောကမှာ ဘာမဆို ဖြစ်သွားနိုင်တယ်ဆိုတာ သတိချပ်သင့်ပါတယ်။
Ref: Somtom