Cryptocurrency ဟာ ကမ္ဘာလုံးဆိုင်ရာ ပေးချေမှုစနစ်သစ်ကို တိုးတက်စေနိုင်တဲ့စွမ်းအင်ရှိကြောင်း သတ်မှတ်ခံထားရပေမဲ့ အခြားတစ်ဖက်မှာတော့ တစ်ကမ္ဘာလုံးကဈေးကွက်အခြေအနေတွေအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတွေရှိနေတယ်လို့ IMF (International Monetary Fund) က သတိပေးလိုက်ပါတယ်။

IMF ရဲ့ နောက်ဆုံး ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးတည်ငြိမ်မှုအစီရင်ခံစာမှာ Crypto ကုန်သွယ်စနစ် ပွင့်လန်းလာခြင်းနဲ့ Digital coins တွေ တဟုန်ထိုးတိုးပွားလာခြင်းကို အနီးကပ်စောင့်ကြည့်သင့်ကြောင်း ထည့်သွင်းဖော်ပြထားတာ ဖြစ်ပါတယ်။ Crypto ကို လက်ခံကျင့်သုံးမှုကြီးထွားလာတာနဲ့အမျှ စီးပွားရေးနဲ့အခြားအလားတွေအပေါ် သက်ရောက်မှုတွေ မြင်မားလာမယ်လို့ သုံးသပ်ထားပါတယ်။

Crypto ရဲ့ လည်ပတ်မှုနဲ့ ဖွဲ့စည်းပုံပိုင်းမှာ လုံလောက်တဲ့စည်းမျဉ်းနဲ့ အားနည်းချက်တွေရှိနေကြောင်း အဓိကအရောင်းအဝယ်ကျဆင်းချိန်တွေကိုထောက်ပြပြီး IMF က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်း နိုင်ငံတာအဖွဲ့အစည်းရဲ့ ကြီးကြပ်မှုတွေ ပိုပြီးလိုအပ်လာတယ်လို့ ဆိုပါတယ်။

Crypto ဂေဟစနစ်ရဲ့ စိန်ခေါ်မှုတွေအနေနဲ့ လုပ်ငန်းလည်ပတ်မှုနဲ့  ငွေကြေးခိုင်မာမှုအန္တရာယ်တွေ ရှိနေကြောင်း၊ ပိုင်ဆိုင်မှုတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေအတွက် ကာကွယ်ရမဲ့အန္တရာယ်တွေ၊ တည်ငြိမ်တဲ့ Digital Coin တွေအတွက် လုံလောက်တဲ့အရံငွေထုတ်ဖာ်ခြင်းတွေအတွက်လည်း ထည့်သွင်းစဉ်းစားဖို့လိုအပ်ကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် Crypto ပိုင်ဆိုင်မှုနဲ့ ကုန်သွယ်မှုမြင့်တက်လာတဲ့နောက် မကြာသေးခင်က တရားဝင်တင်ဒါအဖြစ် Bitcoin ကိုလက်ခံတာမျိုးကြောင့် အရင်းအနှီးစီးဆင်းမှုကို မတည်မငြိမ်ဖြစ်စေနိုင်တာကလည်း၊ စိုးရိမ်ပူပန်မှုစာရင်းထဲပါဝင်ကြောင်း ပြောပါတယ်။ နောက်ပိုင်းမှာ Cryptocurrencies အသုံးပြုမှုကြီးထွားလာတာနဲ့အမျှ အခွန်ရှောင်ခြင်းတွေပြုလုပ်လာကြပြီး ဘဏ္ဍာရေးမူဝါဒကိုထိခိုက်လာစေနိုင်ကြောင်း IMF က သတိပေးထားပါတယ်။

Ref: Yahoo Finance