လူသားတွေရဲ့ သက်တမ်းကို အနှစ် ၁၂၀ အထိ ရှည်စေနိုင်မယ့် အလားအလာရှိတဲ့ အိုမင်းရင့်ရော်မှုကို တိုက်ဖျက်တဲ့ ဆေးတစ်မျိုးကို တီထွင်နိုင်ခဲ့တယ်လို့ တရုတ်နိုင်ငံ၊ Shenzhen မှာ အခြေစိုက်တဲ့ Lonvi Biosciences ကုမ္ပဏီက အခိုင်အမာ ပြောလိုက်ပါတယ်။

Anti-Ageing Skin Treatment in Hyderabad - Dermiq Clinic

The New York Times ရဲ့ သတင်းဖော်ပြချက်အရ၊ အသက်ရှည်ဆေးပညာကို အထူးပြုလုပ်ဆောင်နေတဲ့ အဲဒီကုမ္ပဏီက ထုတ်လုပ်လိုက်တဲ့ ဆေးပြားတွေဟာ လူတိုင်းနီးပါး စားဖူးကြတဲ့ စပျစ်သီးရဲ့ “အစေ့” မှာ တွေ့ရတဲ့ ဒြပ်ပေါင်းကို အဓိက အခြေခံထားတာ ဖြစ်ပါတယ်။

Anti-aging skin care: 7 ways to fight aging skin - Hush LA Medspa

ကုမ္ပဏီရဲ့ ပြောကြားချက်အရ၊ စပျစ်သီးအစေ့မှာ Procyanidin C1 (PCC1) လို့ခေါ်တဲ့ အစွမ်းထက် မော်လီကျူးတွေ ပါဝင်ပါတယ်။ အဲဒီ မော်လီကျူးတွေရဲ့ အဓိက တာဝန်ကတော့ ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ “zombie cells” (ဖုတ်ကောင် ဆဲလ်) တွေကို ပစ်မှတ်ထားပြီး ရှင်းလင်းပစ်တာပဲ ဖြစ်ပါတယ်။

သိပ္ပံပညာအရ “senescent cells” လို့ ခေါ်တဲ့ အဲဒီ “zombie cells” တွေဟာ အသက်ကြီးလာတဲ့အခါ ဖြစ်ပေါ်လာတဲ့ အိုမင်းနေတဲ့ ဆဲလ်တွေ ဖြစ်ပါတယ်။ သူတို့ကိုယ်တိုင်က မသေဘဲ ခန္ဓာကိုယ်ထဲမှာ ဆက်ရှိနေပြီး ကျန်းမာတဲ့ဆဲလ်တွေကို ဒုက္ခပေး ပျက်စီးစေတဲ့ အန္တရာယ်ရှိတဲ့ ဆဲလ်တွေပါ။

Lonvi Biosciences က တီထွင်လိုက်တဲ့ ဒီဆေးက အဲဒီ မကောင်းတဲ့ ဆဲလ်အိုတွေကို သွားရောက် ဖယ်ရှားပစ်လိုက်တဲ့အတွက် ခန္ဓာကိုယ်ရဲ့ အိုမင်းရင့်ရော်တဲ့ ဖြစ်စဉ်ကို နှေးကွေးစေပြီး လူ့သက်တမ်းကို သိသိသာသာ ရှည်စေနိုင်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ဒီဆေးကို ကျန်းမာတဲ့ နေထိုင်မှုပုံစံနဲ့ ပေါင်းစပ်လိုက်ရင် လူတွေဟာ အသက် ၁၀၀ ကနေ ၁၂၀ အထိ နေထိုင်နိုင်ဖို့ ကူညီပေးနိုင်မယ့် အလားအလာကောင်းတွေ ရှိနေတယ်လို့ ကုမ္ပဏီက အခိုင်အမာ ပြောထားတာ ဖြစ်ပါတယ်။

Ref : nytimes