အိန္ဒိယ နိုင်ငံ အနောက် ဘင်ဂေါရဲ့ North 24 Parganas မှ လင်မယားက iPhone 14 ဝယ်ဖို့ ၈ လသားအရွယ် ကလေးကို ရောင်းစားခဲ့ပါတယ်။ ဒါဟာ တော်တော် အကြင်နာတရားမဲ့တဲ့ လုပ်ရပ်လို့ ပြောရမှာပါ။ သူတို့ iPhone လိုချင်တဲ့ အကြောင်းအရင်းက အင်စတာဂရမ် Reels တွေ ရိုက်ကူးဖို့ ဖြစ်ပါတယ်။
ရဲတွေက ကလေးရဲ့ မိခင် Sathi နဲ့ ကလေး ဝယ်ယူသူ Priyanka Ghosh ကို ထိန်းသိမ်းထားပါတယ်။ ဖခင်ဖြစ်သူ Jaydev ကတော့ ထွက်ပြေးနေပါတယ်။ အဲဒီလင်မယားရဲ့ သံသယဖြစ်စရာ အမူအရာတွေနဲ့ ကလေးငယ် ရုတ်တရက် ပျောက်သွားမှုတွေကြောင့် အိမ်နီးနားချင်းတွေက သတိထားမိကာ ရဲကို အကြောင်းကြားခဲ့တာပါ။ ငွေကြေး ချို့တဲ့ပေမယ့် ကလေး ရောင်းစားပြီး iPhone လိုချင်တာက မဖြစ်သင့်ပါဘူး။
ရဲတွေက စစ်ဆေးတဲ့အခါ မိခင်က ကလေးရောင်းစားတာကို ဝန်ခံခဲ့ပြီး ရတဲ့ငွေတွေနဲ့ iPhone ဝယ်ကာ အနောက် ဘင်ဂေါ တစ်လွှားမှာ အင်စတာဂရမ် Reels တွေ ရိုက်ကူးချင်တာလို့ ပြောပါတယ်။ ဖခင်ဖြစ်သူဟာ အသက် ၇ နှစ်အရွယ် သမီးကိုလည်း ရောင်းစားခဲ့တယ်လို့ စွပ်စွဲချက်တွေ ရှိနေပြီး အမှုကို ဆက်လက် စုံစမ်းနေပါတယ်။
အခုလို ဖြစ်ရပ်မျိုး အရင်ကလည်း ဖြစ်ခဲ့ဖူးပါတယ်။ ၂၀၁၆ ခုနှစ်မှာ တရုတ်က လင်မယားဟာ iPhone ဝယ်ဖို့ မွေးခါစ ကလေးကို ရောင်းစားခဲ့ပါတယ်။ ဒါဟာ လူသားတွေ စမတ်ဖုန်းတွေကို အလွန်အမင်း စွဲလမ်းလာကြတာကို သက်သေပြနေပါတယ်။
Ref : gizmochina