အိန္ဒိယမှာ နာမည်ကြီးတဲ့ Electric Scooter ငှားရမ်းတဲ့ Ola Electric ကုမ္ပဏီက AI Hardware တွေကို ကြေညာလိုက်တဲ့အတွက် နည်းပညာ လောကမှာ အံ့အားသင့်သွားခဲ့ကြပါတယ်။ ကုမ္ပဏီက အိန္ဒိယရဲ့ ပထမဆုံး AI Chip တွေကို ကြေညာလိုက်တာပါ။

ပထမဆုံး Chip တွေကို ၂၀၂၆ ခုနှစ်မှာ ဖြန့်ချိမှာ ဖြစ်ပြီး Bodhi 1 , Ojas နဲ့ Sarv 1 စတဲ့ မော်ဒယ် ၃ မျိုး ပါဝင်မှာပါ။ အဲဒီ AI Chip တွေကို Large Language Models (LLMS) တွေအတွက် အသုံးပြုနိုင်မှာ ဖြစ်ပြီး စွမ်းရည်မြင့် Vision Processing လိုအပ်တဲ့ လုပ်ငန်းတွေမှာ အသုံးချနိုင်ပါတယ်။ Ola က Bodhi 1 ဟာ စွမ်းအင် စားသုံးမှု နည်းပါးတယ်လို့ ပြောပါတယ်။

The difference between AI chips and GPU chips

Ojas Chip ကို ကား ၊ မိုဘိုင်း နဲ့ IoT ကဏ္ဍတွေမှာ အသုံးပြုနိုင်ပါတယ်။ Ola က Ojas ကို အနာဂတ်မှာ လျှပ်စစ်ကားတွေမှာ ထည့်သွင်းဖို့ စီစဉ်ထားပြီး အားသွင်းနှုန်း မြန်အောင်နဲ့ အဆင့်မြင့် ယာဉ်မောင်း ထောက်ကူစနစ်တွေမှာ အသုံးချနိုင်မှာပါ။

တတိယ Chip ဖြစ်တဲ့ Sarv 1 ဟာ Arm Instruction Set အပေါ် အခြေပြုထားတဲ့ စွယ်စုံသုံး Server CPU ဖြစ်ပြီး ဒေတာ စင်တာ နယ်ပယ်ရဲ့ ကြီးထွားလာတဲ့ AI Computing လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။

အိန္ဒိယဟာ AI နည်းပညာ လောကထဲကို ဝင်ရောက်ဖို့ တာဆူနေပြီး လက်ရှိမှာ AI လောကကို အမေရိကန် နဲ့ တရုတ်တို့က ဦးဆောင်နေပါတယ်။

Ref : gizmochina