Infinix GT 20 Pro Gaming ဖုန်းကို ဆော်ဒီအာရေးဗီးယားမှာ ကြေညာလိုက်ပြီး C ပုံသဏ္ဍာန် RGB-Light ဒီဇိုင်း ပါလာပါတယ်။

Infinix GT 20 Pro arrives with Dimensity 8200 Ultimate, 144Hz screen, and customizable LEDs

အဲဒီဖုန်းမှာ 6.78” AMOLED Display တပ်ဆင်ထားပြီး ဘေးဘောင်တွေက ပါးလွှာပါတယ်။ Screen-to-boty Ratio က ၉၄.၃ ရာခိုင်နှုန်း ရှိပြီး FHD+ Resolution , 144Hz Refresh Rate , 2340Hz PWM Dimming, 1,300 Nits Peak Brightness နဲ့ In-screen Fingerprint Scanner ပါပါတယ်။

Dimensity 8200 Ultimate Chip မောင်းနှင်ထားပြီး 12GB Virtual RAM ထောက်ပံ့ထားပါတယ်။ Custom Gaming Display Chip ထည့်ထားပြီး 120fps Gaming Frame Rate အထိရစေတဲ့ Game Optical Optimization နည်းပညာ ပါပါတယ်။

Infinix GT 20 Pro arrives with Dimensity 8200 Ultimate, 144Hz screen, and customizable LEDs

45W Fast Charging ထောက်ပံ့တဲ့ 5,000mAh Battery တပ်ဆင်ထားပြီး PD 3.0 , Hyper Charge Mode နဲ့ Bypass Charging လို အားသွင်း Feature တွေ ပါပါတယ်။ Android 14 အခြေပြု XOS 14 မောင်းနှင်ထားပြီး ဂိမ်းအတွက် X-axis Linear Motor နဲ့ JBL Dual Speaker ပါပါတယ်။

108MP Main (OIS), 2MP , 2MP ကင်မရာကို အနောက်ဘက်နဲ့ 32MP ကင်မရာကို အရှေ့ဘက်မှာ တပ်ဆင်ထားပါတယ်။

Infinix GT 20 Pro arrives with Dimensity 8200 Ultimate, 144Hz screen, and customizable LEDs

8/256GB နဲ့ 12/256GB ထုတ်လုပ်ထားပြီး 12/256GB ကို ၃၄၆ ဒေါ်လာ သတ်မှတ်ထားပါတယ်။ Mecha Silver, Mecha Blue နဲ့ Mecha Orange အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Ref : gizmochina