Infinix က အိန္ဒိယမှာ Hot 30 5G ကို ကြေညာလိုက်ပြီး စွမ်းရည်သင့် စမတ်ဖုန်း အမျိုးအစား ဖြစ်ပါတယ်။ Infinix Hot 30 5G မှာ MediaTek Dimensity 6020 Chipset မောင်းနှင်ထားပြီး 120Hz မျက်နှာပြင်ပါလာကာ 8GB RAM အထိ ရွေးချယ်နိုင်ပါတယ်။ 6.78” LCD မျက်နှာပြင် တပ်ဆင်ထားပြီး FHD+ Resolution (2460×1080 pixels) ထောက်ပံ့ထားပါတယ်။ 240Hz Touch Sampling Rate ပါတဲ့အတွက် ဖုန်း သုံးရတာ မြန်ဆန်ချောမွတ်ပါတယ်။

Infinix

Punch Hole မှာ 8MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပြီး အနောက်ဘက်မှာ 50MP Main နဲ့အတူ AI Lens နဲ့ LED Flash တွေ ပါပါတယ်။ 4GB နဲ့ 8GB RAM Version ထုတ်လုပ်ထားပြီး 128GB Internal Storage ပါလာကာ 1TB microSD Card စိုက်နိုင်ပါတယ်။

Infinix Hot 30 5G မှာ Android 13 အခြေပြု XOS 13 မောင်းနှင်ထားပြီး 18W Charging ထောက်ပံ့တဲ့ အရွယ်ကြီး 6,000mAh Battery တပ်ဆင်ထားပါတယ်။ တခြား လုပ်ဆောင်ချက်တွေထဲမှာ ဘေးဘက်လက်ဗွေရာ ကိရိယာ၊ စတီရီယို စပီကာနဲ့ နားကြပ်ပေါက်တွေ ပါပါတယ်။

Infinix

Infinix Hot 30 5G အတွက် Aurora Blue နဲ့ Knight Black အရောင်တွေ ထုတ်လုပ်ထားပါတယ်။ 4/128GB Version ကို ၁၂,၄၉၉ ရူပီး (၁၅၂ ဒေါ်လာ)နဲ့ 8/128GB Version ကို ၁၃,၄၉၉ ရူပီး (၁၆၄ ဒေါ်လာ) သတ်မှတ်ထားပြီး ဇူလိုင်လ ၁၈ ရက်နေ့ အိန္ဒိယမှာ စတင် ရောင်းချမှာ ဖြစ်ပါတယ်။

Ref : gsmarena