လက်ရှိအချိန်မှာ စွမ်းဆောင်ရည်အမြင့်မားဆုံး AI Chatbot တစ်ခုကို ပြောပါဆိုရင် ChatGPT ကိုပဲ ညွှန်းရမှာဖြစ်ပါတယ်။ တခြား Microsoft Bing AI နဲ့ Google Bard AI လိုမျိုး ပြိုင်ဘက်တွေရှိနေပေမယ့် ChatGPT ကပဲ လူသုံးအများဆုံး AI Chatbot တစ်ခုဖြစ်နေဆဲဖြစ်ပါတယ်။


အခုထွက်ရှိလာတဲ့သတင်းအရ စမတ်ဖုန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Infinix ဟာ ChatGPT ကို ဖုန်းအတွင်းမှာ AI Voice Assistant အနေနဲ့ ထည့်သွင်းဖို့စီစဥ်နေတယ်လို့ သိရပါတယ်။ လက်ရှိ Infinix ဖုန်းတွေမှာ ကိုယ်ပိုင် Voice Assistant တစ်ခုဖြစ်တဲ့ Folax ပါဝင်ပြီး အဆိုပါ Voice Assistant ကို ChatGPT နဲ့ အဆင့်မြှင့်တင်သွားမှာဖြစ်ပါတယ်။

အခုသတင်းကို တရုတ်နိုင်ငံတွင်းရှိ နာမည်ကြီး Leakster တစ်ဦးဖြစ်တဲ့ Ice Universe ကိုယ်တိုင် ပြောကြားခဲ့တာဖြစ်ပြီး အစောဆုံးအနေနဲ့ Infinix Note 30 Series ဖုန်းတွေမှာ စတင်ပါဝင်လာနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အခုလိုမျိုး စမတ်ဖုန်းကုမ္ပဏီတွေက ကိုယ်ပိုင် Voice Assistant အစား ChatGPT ကို အသုံးပြုလာတာကလည်း ပထမဆုံးဖြစ်လာမှာပါ။

လောလောဆယ်မှာ Android ဖုန်းတွေဟာ Google Assistant Voice Assistant ကို အသုံးပြုနိုင်သလို Apple iOS Device တွေမှာ Siri နဲ့ Samsung Device တွေမှာ Bixby Voice Assistant ပါဝင်မှာဖြစ်ပါတယ်။ တခြားသော Huawei နဲ့ တချို့စမတ်ဖုန်းကုမ္ပဏီတွေကလည်း ကိုယ်ပိုင် Voice Assistant တွေကို ထုတ်ခဲ့ဖူးပေမယ့် အောင်မြင်ခြင်းမရှိတာကြောင့် အခု Infinix ရဲ့ ChatGPT ကိုထည့်သွင်းမှုက အောင်မြင်လာနိုင်မလားဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – Gizmo China