Infinix က 120Hz AMOLED မျက်နှာပြင်နဲ့ 108MP ကင်မရာ  ပါတဲ့ Infinix Note 40 Pro 5G , Note 40 Pro နဲ့ Note 40 ကို ကြေညာလိုက်ပါတယ်။

Infinix Note 40 Pro 5G

Curved 6.78” FHD+ 120Hz AMOLED display

ဒီဖုန်းမှာ 6.78” 120Hz AMOLED FHD+ မျက်နှာပြင်ကွေး ၊ Dimensity 7020 နဲ့ 108MP Main ကင်မရာ ပါပါတယ်။ 8GB RAM+8GB Virtual RAM , 256GB Storage ထည့်သွင်းထားပြီး 45W Wired နဲ့ 20W Wireless Charging ထောက်ပံ့ထားပါတယ်။ Battery က 5,000mAh ဖြစ်ပြီး Android 14 အခြေပြု Infinix XOS 14 မောင်းနှင်ထားပါတယ်။

Infinix Note 40 Pro 5G at a glance

Infinix Note 40 Pro

MagPad is Infinix’s magnetic wireless charger

ဒီဖုန်းမှာ 5G မပါတော့ဘဲ Helio G99 Chipset သုံးထားပါတယ်။ 12GB RAM+12GB Virtual RAM ထည့်ထားပြီး 70W Wired , 20W Wireless Charging , 5,000mAh Battery သုံးထားပါတယ်။ အခြေခံ မော်ဒယ်မှာ 8GB RAM/256GB Storage ပါပါတယ်။ 6.78” 120Hz မျက်နှာပြင် တပ်ဆင်ထားပြီး Gorilla Glass နဲ့ ကာကွယ်ထားပါတယ်။ Vintage Green နဲ့ Titan Gold အရောင်ထုတ်လုပ်ထားပါတယ်။

Infinix Note 40 Pro at a glance

Infinix Note 40

Infinix Note 40 at a glance

Infinix Note 40 မှာ Pro မပါပေမယ့် အပေါ်က မော်ဒယ်တွေနဲ့ တော်တော်တူပါတယ်။ အဓိက ကွာခြားချက်က မျက်နှာပြင်ဟာ အပြား ဖြစ်ပြီး 6.78” FHD+ 120Hz AMOLED သုံးထားပါတယ်။ Helio G99 , 8GB RAM နဲ့ 256GB Storage ထည့်ထားပြီး 108MP Main ကင်မရာ တပ်ဆင်ထားပါတယ်။

ဈေးနှုန်း

Infinix Note 40 Pro 5G ကို ၂၉၀ ဒေါ်လာ၊ Note 40 Pro ကို ၂၆၀ ဒေါ်လာနဲ့ Note 40 ကို ၂၀၀ ဒေါ်လာသတ်မှတ်ထားပြီးတစ်ကမ္ဘာလုံးမှာ ရောင်းချပေးလိုက်ပါပြီ။

Ref : gsmarena