Infinix က Smart 8 ကို ပြီးခဲ့တဲ့နှစ်က ကြေညာခဲ့ပြီး အခုတော့ Smart 8 Pro ကို ချပြလိုက်ပါတယ်။ Infinix Smart 8 Pro မှာ Helio G36 SoC မောင်းနှင်ထားပြီး 6.6” 90Hz HD+ LCD မျက်နှာပြင် တပ်ဆင်ထားပါတယ်။ Dynamic Island နဲ့ တူတဲ့ Magic Ring ထည့်သွင်းထားပြီး 5,000mAh Battery နဲ့ 10W Charging ပါပါတယ်။ Android 13 Go အခြေပြု XOS 13 မောင်းနှင်ထားပါတယ်။

Infinix Smart 8 Pro unveiled with a 50MP camera and 5,000 mAh battery

Infinix Smart 8 Pro မှာ 4GB/8GB RAM နဲ့ 64GB/128GB Storage ‌တွေ ထည့်သွင်းထားပြီး microSD Card စိုက်နိုင်ပါတယ်။ 8MP ဆဲလ်ဖီး ကင်မရာနဲ့ အနောက်ဘက်မှာ 50MP Main , AI Lens တပ်ဆင်ထားပါတယ်။

Infinix Smart 8 Pro unveiled with a 50MP camera and 5,000 mAh battery

USB-C ၊ နားကြပ်ပေါက်၊ ဘေးဘက်လက်ဗွေရာ ကိရိယာနဲ့ ၂၀၀ ရာခိုင်နှုန်း Super Volume Boost ပါတဲ့ DTS Sound ထောက်ပံ့ထားပါတယ်။

Infinix Smart 8 Pro အတွက် Timber Black , Shiny Gold , Galaxy White နဲ့ Rainbow Blue အရောင်တွေ ထုတ်လုပ်ထားပါတယ်။ Infinix က Smart 8 Pro ရဲ့ ဈေးနှုန်းနဲ့ ရောင်းချမယ့်အချိန်ကို မပြောသေးပါဘူး။ ကုမ္ပဏီက အိန္ဒိယမှာ Smart 8 ရဲ့ 4GB RAM/64GB Storage Version ကို ၇,၄၉၉ ရူပီး ( ၉၀ ဒေါ်လာ)နဲ့ ရောင်းချထားပါတယ်။

Ref: gsmarena