Infinix Zero 40 4G နဲ့ Zero 40 5G ကို မလေးရှားမှာ ကြေညာလိုက်ပါတယ်။ ထူးခြားတာက GoPro Mode ပါလာပါတယ်။ ဖုန်းတွေကို GoPro ကင်မရာနဲ့ ချိတ်ဆက်နိုင်ပြီး ဖုန်းကို Infinix ကင်မရာ App ကနေ Viewfinder လို သုံးနိုင်ပါတယ်။

Infinix Zero 40 Series မှာ 6.74” AMOLED FHD+ Dislay တပ်ဆင်ထားပြီး 144Hz Refresh Rate နဲ့ 1,300 Nits Peak Birghtness ထောက်ပံ့ထားပါတယ်။ Gorilla Glass 5 နဲ့ ကာကွယ်ထာပြီး Display အောက်မှာ လက်ဗွေရာ ကိရိယာမြှုပ်နှံထားပါတယ်။ Android 14 အခြေပြု XOS 14.5 OS မောင်းနှင်ထားပြီး Android Update ၂ ကြိမ်ရမှာပါ။

အရှေ့ဘက်မှာ 50MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 108MP Main (OIS) , 50MP Ultrawide နဲ့ 2MP Depth ကင်မရာ ပါပါတယ်။ 4G Version ဟာ 2K 30fps Video နဲ့ 5G Version ဟာ 4K 60fps Video ရိုက်ကူးနိုင်ပါတယ်။

4G Version မှာ MediaTek Helio G100 Chip , 8GB RAM နဲ့ 5G Version မှာ Dimensity 8200 SoC နဲ့ 12GB RAM ပါပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ 256GB/512GB Storage ထည့်သွင်းထားပြီး 45W Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါပါတယ်။ 5G Version မှာ 20W Wireless Charging နဲ့ 10W Reverse Wireless Charging  ထောက်ပံ့ထားပါတယ်။

Infinix Zero 40 4G 8/256GB ကို ၂၈၉ ဒေါ်လာနဲ့ 5G 8/256GB ကို ၃၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ 4G အတွက် Misty Aqua, Blossom Glow,  Rock Black နဲ့ 5G အတွက် Violet Garden, Moving Titanium, Rock Black အရောင်တွေ ထုတ်လုပ်ထားပါတယ်။ စက်တင်ဘာလ ၈ ရက်နေ့ မလေးရှားမှာ ရောင်းမှာပါ။

Ref : gizmochina