Meta ပိုင်တဲ့ Instagram လူမှုကွန်ရက်က OnlyFans လို Subscription လုပ်ဆောင်ချက် ၁ ခုကို စမ်းသပ်နေပါတယ်။ Fans တွေက Creator တွေရဲ့ Stories နဲ့ Live Video တို့လို Exclusive Content တွေကို အခကြေးငွေပေးကာ ကြည့်ရှုနိုင်မှာ ဖြစ်ပြီး Creator တွေ ဝင်ငွေရစေမှာပါ။

instagram fans subscription

Instagram App Store Listing ရဲ့ “In-App Purchases” Section အောက်မှာ “Instagram Subscription” Category အသစ်ကို တွေ့မြင်ရပါတယ်။ အမေရိကန်မှာ ဈေးနှုန်းဟာ ၀.၉၉ ဒေါ်လာကနေ ၄.၉၉ ဒေါ်လာအတွင်း ရှိပါတယ်။ Indian App Store မှာလည်း အဲဒီ လုပ်ဆောင်ချက်ကို ဖော်ပြထားပြီး ၁ လကို ၈၉ ရူပီး သတ်မှတ်ထားပါတယ်။

User တွေက Live Session တွေမှာ Creator တွေကို လက်ဆောင်ပေးနိုင်တဲ့ Instagram Badges နဲ့အတူ Subscription Option အသစ်ကို တွေ့မြင်ရပါတယ်။ Instagram အကြီးအကဲ Adam Mosseri က ကုမ္ပဏီဟာ Subscription လုပ်ဆောင်ချက်ကို ထည့်သွင်းဖို့ စဉ်းစားနေတယ်လို့ ဒီနှစ် အစောပိုင်းက ပြောကြားခဲ့ဖူးပါတယ်။

Instagram ဟာ Creator ရဲ့ ပရိုဖိုင်မှာ Subscribe Button ၁ ခုကို ထည့်သွင်းဖို့ စမ်းသပ်နေပါတယ်။ Subscriber တွေဟာ Stories နဲ့ Live Video တွေလို အထူး Content တွေကို ကြည့်ရှုနိုင်မှာပါ။ Creator ဆီ Direct Message ပေးပို့တဲ့အခါ သို့မဟုတ် သူတို့ရဲ့ ပို့စ်တွေမှာ ကွန်းမန့် ရေးတဲ့အခါ Username ဘေးမှာ အထူး Member Badge ကို ပြသပေးမှာပါ။ ဒီလို ပြသပေးတဲ့အတွက် Creator ရဲ့ အထူး အလေးပေးမှုကို ရမှာပါ။

Creator တွေဟာ ဝင်ငွေစာရင်း၊ Active Member နဲ့ Expired Membership တွေကို ကြည့်ရှုနိုင်မှာ ဖြစ်သလို Subscription Name နဲ့ Plans ကို စီမံခန့်ခွဲနိုင်မှာပါ။

Ref : gizmochina