Instagram ကို အသုံးပြုနေပြီး Content Create ပြုလုပ်နေတယ်ဆိုရင် Stories တွေမှာ ကိုယ်သွားစေချင်တဲ့ Website ၊ Video Link တွေကို ထည့်သွင်းနိုင်တဲ့ “Swipe-Up” Feature ကို သိကြမှာဖြစ်ပါတယ်။ အဆိုပါ Feature ဟာ Instagram Content Creator တွေအများအပြားအသုံးပြုကြတဲ့ Feature တစ်ခုလည်းဖြစ်ပါတယ်။

ဒါပေမယ့်လည်း အခုနောက်ဆုံးသိရတဲ့သတင်းအရတော့ Instagram ဟာ အဆိုပါ “Swipe-Up” Feature ကို ရပ်ဆိုင်းသွားတော့မှာဖြစ်ပါတယ်။ Instagram ကိုယ်တိုင် တရားဝင်ပြောကြားခဲ့တာဖြစ်ပြီး သြဂုတ်လ ၃၀ ရက်နေ့နောက်ပိုင်းမှာ အသုံးပြုနိုင်မှာမဟုတ်တော့ဘူးလို့ သိရပါတယ်။

အဲ့ဒါကြောင့် Instagram Content Creator တွေအနေနဲ့ “Swipe-Up” Feature အစား Link Sticker အသစ်တွေကို ပြောင်းလဲအသုံးပြုရမှာဖြစ်ပါတယ်။ အဆိုပါ Link Sticker တွေဟာ ဘယ်လိုမျိုးပုံစံဖြစ်လာမလဲဆိုတာကို အတိအကျမသိရသေးပေမယ့် ယခင်လိုမျိုး Swipe Up ပြုလုပ်ရမယ့်အစား Sticker ကို နှိပ်ပြီး Link ထဲဝင်ရောက်ရဖွယ်ရှိနေပါတယ်။

အခုလိုမျိုး Link Sticker တွေနဲ့ ပြောင်းလဲသွားမယ်ဆိုတာကို App Researcher တစ်ဦးဖြစ်တဲ့ Jane Manchun Wong ကနေ အရင်ဆုံးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ပြောကြားချက်အရတော့ Instagram ဟာ Link Sticker Feature တွေကို ပြီးခဲ့တဲ့ ဇွန်လထဲက စမ်းသပ်နေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး “Swipe-Up” Feature အစား Link Sticker တွေအဖြစ် ပြောင်းလဲသွားတာက Creator တွေအတွက် စိတ်ကြိုက် Design ကို ရွေးချယ်နိုင်ပြီဖြစ်သလို အရွယ်အစားနဲ့ နေရာကိုလည်း ကိုယ့်စိတ်ကြိုက်ထားရှိနိုင်တာကတော့ အားသာချက်ဖြစ်လာမှာပါ။ Instagram ဟာ နောက်ပိုင်းမှာလည်း Link Sticker တွေကို ပုံစံမျိုးစုံရရှိနိုင်ဖို့အတွက် ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

Ref – Android Authority