Instagram ဟာ လက်ရှိအချိန်မှာ ဓါတ်ပုံနဲ့ Video အတွက် လူသုံးများတဲ့ Social Media Platform တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့်လည်း Instagram ဟာ Mobile အတွက်ပဲ အဆင်ပြေပြီးတော့ Desktop Web Browser မှာတော့ အသုံးပြုနိုင်မှုက ကန့်သတ်ခံထားရပါတယ်။

ဥပမာအားဖြင့် Instagram ကို Desktop Web Browser မှာ အသုံးပြုမယ်ဆိုရင် Post တွေနဲ့ Stories တွေကို ကြည့်ရှုနိုင်တယ်ဆိုပေမယ့် Post တွေ Stories တွေကိုတော့ တင်နိုင်မှာမဟုတ်ပါဘူး။ အဲ့ဒီအတွက် Business Account တွေကို အသုံးပြုနေတယ်ဆိုရင်လည်း Post တင်ဖို့အတွက် Mobile ကိုပဲ အသုံးပြုရမှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း Instagram ကနေ မကြာခင်မှာ Desktop ကနေလည်း Post တွေတင်နိုင်ဖို့အတွက် စမ်းသပ်နေတယ်လို့ သိရပါတယ်။ လောလောဆယ်မှာ တချို့သော အသုံးပြုသူတွေက အသုံးပြုနိုင်နေတာကိုလည်း တွေ့ရပါတယ်။

ဒီလိုမျိုး Post တွေတင်ဖို့အတွက် Plus Icon ကို Desktop Web Browser Interface မှာ မြင်တွေ့ရမှာဖြစ်ပြီး လောလောဆယ်မှာ Post တွေကိုပဲ တင်နိုင်ဦးမှာဖြစ်ပါတယ်။ တခြားသော Stories တွေနဲ့ Reels Feature ကိုတော့ Upload ပြုလုပ်နိုင်မှာ မဟုတ်ပါဘူး။ Post တင်တဲ့အချိန်မှာတော့ Mobile မှာလိုမျိုးပဲ Edit ပြုလုပ်တာတွေ၊ Filter ၊ Location ၊ Tag People Feature တွေအကုန်လုံးကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Instagram ကတော့ အခု Feature အကြောင်းကို တရားဝင်ပြောကြားခဲ့ခြင်းမရှိပေမယ့် မကြာခင်မှာ မိတ်ဆက်သွားမယ်လို့ ယူဆရပါတယ်။

Ref – GSM Arena