Instagram ဟာ ပြီးခဲ့တဲ့လပိုင်းတုန်းက Instagram စွဲလမ်းခြင်းနဲ့ ဆယ်ကျော်သက်တွေရဲ့ ပြဿနာနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေကို ခံခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် Instagram ကို အသုံးပြုမှုကို အနည်းနဲ့အများ Limit ပြုလုပ်နိုင်မယ့် Feature တစ်ခုကို ထုတ်ပေးသွားဖို့ စီစဥ်ပေးသွားမယ်ဆိုပြီး ပြန်လည်ဖြေရှင်းခဲ့ရပါတယ်။

အခုအချိန်မှာတော့ Instagram ကို အသုံးပြုမှုနည်းပါးစေမယ့် “Take a Break” Feature ကို မကြာခင်အချိန်အတွင်းမှာ မိတ်ဆက်နိုင်တော့မယ်လို့ သိရပါတယ်။ Instagram ရဲ့ Head အဖြစ် တာဝန်ယူထားတဲ့ Adam Mosseri ပြောကြားချက်အရတော့ “Take a Break” Feature ဟာ Instagram ကို အချိန်တစ်ခုအထိ အသုံးပြုပြီးတဲ့အချိန်မှာ ၁၀ မိနစ်၊ မိနစ် ၂၀ သို့မဟုတ် မိနစ် ၃၀ ခန့် အသုံးပြုမှုကို ခတ္တဆိုင်းငံ့ပေးသွားမှာဖြစ်ပါတယ်။

လောလောဆယ်မှာ အဆိုပါ Feature ဟာ စမ်းသပ်မှုတွေအရ ရလဒ်ကောင်းတွေရရှိနေပြီဖြစ်ပြီး ခန့်မှန်းခြေအနေနဲ့ လာမယ့် ဒီဇင်ဘာလအတွင်းမှာ တရားဝင်မိတ်ဆက်သွားဖို့ စီစဥ်ထားတယ်လို့ သိရပါတယ်။ Opt-in Feature တစ်ခုဖြစ်တာကြောင့် တကယ်လို့ အသုံးမပြုချင်ဘူးဆိုရင်လည်း အသုံးမပြုဘဲ နေနိုင်ဖွယ်ရှိနေပါတယ်။

ဒီလိုမျိုး Opt-in Feature ဖြစ်ပေမယ့်လည်း တကယ်လို့ Instagram ကို အသုံးပြုနေတဲ့သူဟာ ဆယ်ကျော်သက်တစ်ယောက်ဆိုရင် “Take a Break” Feature ကို အသုံးပြုဖို့ကို မကြာခဏ Notification နဲ့ အသိပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါတင်မဟုတ်သေးဘဲ ဆယ်ကျော်သက်တွေအတွက် ပြသမယ့် Content တွေကိုလည်း စီစဥ်ပြီး စိတ်ဓတ်ကျဆင်းနိုင်တဲ့ Content တွေ၊ Sexual Harassment နဲ့သက်ဆိုင်တဲ့ Post တွေကို ပြသမှုကို လျော့နည်းအောင် ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ကိုယ်က Instagram မှာပဲ အချိန်ဖြုန်းနေတဲ့သူတစ်ယောက်ဆိုရင် အခု Feature က တော်တော်လေးကို အသုံးဝင်စေမှာ သေချာပါတယ်။

Ref – The Verge