Instagram ဟာ လက်ရှိအချိန်မှာ ဓါတ်ပုံတွေမျှဝေဖို့အတွက် အကောင်းဆုံး Social Media App တစ်ခုဖြစ်နေပြီး အခုနောက်ပိုင်းမှာ Instagram Reels လိုမျိုး Short Video Feature ကလည်း လူသုံးများလာပြီဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Instagram Stories Feature ဆိုရင်လည်း လက်ရှိအချိန်အထိ လူသုံးအများဆုံး Feature တစ်ခုလို့ ပြောနိုင်ပါတယ်။

အခုလည်း Instagram ကနေ ဒီလိုမျိုး Stories တွေနဲ့ ပတ်သက်ပြီး Feature အသစ်တစ်ခုကို Turkey နဲ့ Brazil မှာ စတင်စမ်းသပ်နေတယ်လို့ သိရပါတယ်။ ဒါကတော့ Stories တွေကို လက်ရှိအသုံးပြုနေသလို Home Feed ရဲ့ အပေါ်မှာ ဘယ်၊ ညာသွားတာမျိုးမဟုတ်တော့ဘဲ အပေါ်၊ အောက် ဒေါင်လိုက် Scroll ပြုလုပ်နိုင်အောင် ပြသသွားမှာဖြစ်ပါတယ်။

Instagram အနေနဲ့ အခုလိုမျိုး ပြောင်းလဲစမ်းသပ်နေတာက အဓိကအနေနဲ့ TikTok ကို ပိုပြီး ယှဥ်ပြိုင်ချင်တာကြောင့် ဖြစ်နိုင်ပါတယ်။ ဒီလိုပြောင်းလဲလိုက်တာရဲ့ အားသာချက်ကတော့ နောက်ထပ် လူတစ်ဦးရဲ့ Stories ကို အဆုံးထိကြည့်ဖို့မလိုအပ်တော့ဘဲ အပေါ်အောက် Scroll ပြုလုပ်လိုက်တာနဲ့ နောက်တစ်ယောက်ရဲ့ Stories ကို မြင်တွေ့ရမှာဖြစ်ပါတယ်။ တကယ်လို့ တစ်ယောက်တည်းက တင်ထားတဲ့ တခြားသော Stories တွေကို ကြည့်ချင်တယ်ဆိုရင်တော့ ပုံမှန်အတိုင်း ဘယ်၊ ညာနှိပ်ပြီးပဲ ကြည့်ရှုနိုင်ဦးမှာပါ။

Instagram ကတော့ အခုလိုမျိုး Stories ပိုင်း ပြောင်းလဲမှုတွေကို တကယ်မိတ်ဆက်သွားမလားဆိုတာကိုတော့ တရားဝင်ပြောကြားခဲ့ခြင်းမရှိသေးပါဘူး။ ဒါကြောင့် နောက်ပိုင်းမှာ တခြားသော ပြောင်းလဲမှုတွေရှိလာနိုင်ဦးမလားဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Ref – GSM Arena