Instagram ဟာ လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းက သူ့ရဲ့ Feed algorithm ကို အကြီးစားပြုပြင်မှု လုပ်ခဲ့ပါတယ်။ ဒီပြောင်းလဲမှုဟာ Instagram ရဲ့ Feed ကို Facebook လိုမျိုး မြင်တွေ့ရစေတာပဲ ဖြစ်ပါတယ်။ ပို့စ်တွေဟာ အသုံးပြုသူ ဘာကိုနှစ်သက်လဲဆိုတာပေါ် အခြေခံဆုံးဖြတ်တဲ့ Algorithm ကိုအခြေခံပြီး ပေါ်လာစေတာပါ။

ပို့စ်ရွေးချယ်ခြင်းဟာ အချက်အလက်အတော်များများပေါ် မူတည်ပါတယ်။ ဥပမာအားဖြင့် အသုံးပြုသူနဲ့ ပို့စ်တင်သူရဲ့ ဆက်နွယ်မှု၊ အချိန်ကိုက်မှု၊ Likes အရေအတွက်၊ Comment တွေနဲ့ အခြားအရာတွေလည်း ဆက်နွယ်မှုထဲ ပါဝင်ပါတယ်။ ဒါပေမယ့် အချို့ကတော့ ဒီလိုလုပ်တာကို စောဒကတက်ကြပါတယ်။

အကျိုးဆက်အားဖြင့် ၂၀၁၈ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့မှာ Instagram ဟာ သူ့ရဲ့ Feed ကို ပိုပြီးအဆင့်မြင်လာစေဖို့နဲ့ သုံးစွဲသူတွေကို ပိုပြီးထိန်းချုပ်လုပ်ဆောင်ခွင့်ပေးဖို့ Update တစ်ခုကို ကြေညာခဲ့ပါတယ်။ Instagram ရဲ့ ကြေညာချက်အရ အသုံးပြုသူတွေရဲ့ ဆန္ဒအရ ဘယ်ပို့စ်ကို Feed မှာ အရင်ပေါ်လာစေမလဲဆိုတာကို ထည့်သွင်းစဉ်းစားပေးထားတယ်လို့ သိရပါတယ်။

အခုတော့ Reverse engineering expert Jane Manchun Wong ရဲ့ တွစ်တာပို့စ်အရ Instagram ဟာ “Latest Posts” Feature ကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဒီ Feature ဟာ Feed မှာ ကိုယ်မတွေ့လိုက်တဲ့ Post တွေကို Pop-up window တစ်ခုနဲ့ ပေါ်လာစေတာဖြစ်ပြီး၊ မကြိုက်ရင်လည်း Ignore လုပ်လိုက်လို့ရပါတယ်။ Wong ကတော့ ဒါဟာ Chronological feed နဲ့ တူတယ်လို့ ပြောပေမယ့်၊ လုံးလုံးလျားလျား တူညီတယ်လို့လည်း မပြောနိုင်ပါဘူး။ အခုအချိန်အထိတော့ ဒီ Feature ကို ဘယ်နေ့၊ ဘယ်အချိန်မှာ ထုတ်လွှတ်ပေးမလဲဆိုတာတော့ မသိရသေးပါဘူး။

Ref: Phone Arena