ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက Instagram ကနေ ယခင်တုန်းက Stories တွေမှာ အသုံးပြုနိုင်တဲ့ Swipe Up Feature ကို ရပ်ဆိုင်းလိုက်ပြီး Link Sticker တွေနဲ့အစားထိုးမယ်လို့ ကြေညာခဲ့ပါတယ်။ အခုအချိန်မှာတော့ Instagram မှာ အဆိုပါ Link Sticker တွေကို လူတိုင်းအတွက်အသုံးပြုနိုင်အောင် ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။

Instagram ဟာ အဆိုပါ Link Sticker Feature ကို ပြီးခဲ့တဲ့ဇွန်လထဲက စမ်းသပ်နေခဲ့တာဖြစ်ပြီး မကြာသေးခင်တုန်းက Verified Account တွေနဲ့ Follower တွေများပြားတဲ့ Account တွေပဲ အသုံးပြုနိုင်ခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ အဆိုပါအကန့်အသတ်တွေမရှိတော့တဲ့အတွက် Instagram Account ရှိတဲ့သူတိုင်း အသုံးပြုနိုင်ပြီပဲဖြစ်ပါတယ်။

Link Sticker တွေကို ဘယ်လိုမျိုးအသုံးပြုရမလဲဆိုရင်တော့ ပုံမှန် Instagram တင်တဲ့အချိန်မှာ ဓါတ်ပုံ သို့မဟုတ် ဗီဒီယိုတစ်ခုခုကို ရွေးချယ်ပြီး GIF တွေ Location တွေရွေးချယ်တဲ့နေရာမှာ “Link” Icon ကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်။ ပြီးရင်တော့ ကိုယ်ထည့်သွင်းချင်တဲ့ Link ကို Paste လုပ်ပြီး စိတ်ကြိုက်နေရာမှာ ထားလိုက်ရုံပဲဖြစ်ပါတယ်။ Story ကို မ Share ခင်မှာလည်း ကိုယ်ထည့်သွင်းလိုက်တဲ့ Website URL က မှန်ကန်လားဆိုတာကို Preview အနေနဲ့ စစ်ဆေးနိုင်ပါသေးတယ်။

အခုလိုမျိုး Instagram Stories တွေမှာ Link Sticker တွေကို အသုံးပြုနိုင်တာကြောင့် စျေးရောင်းချင်တဲ့သူတွေအပြင် တခြားသော Information သတင်းတွေကို မျှဝေချင်တဲ့သူတွေအတွက် အဆင်ပြေစေမှာဖြစ်ပါတယ်။ ယခု Update ဟာ Server Side Update ဖြစ်တာကြောင့် ကိုယ့်ဆီမှာ Latest Instagram Version ရှိတယ်ဆိုရင် အလိုအလျောက်အသုံးပြုနိုင်စေမှာပါ။

Ref – The Verge