[Unicode]

Apple က ဇွန်လမှာ ကျင်းပမယ့် WWDC ကျမှ iOS 14 ကို ကြေညာမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း iOS 14 ရဲ့ သတင်းအချက်အလက်တွေ ခုကတည်းက စတင် ထွက်ပေါ်နေပါပြီ။ Apple ဟာ iOS 14 မှာ စမ်းသပ်ဆဲ လုပ်ဆောင်ချက်အသစ်တွေကို Default အနေနဲ့ On လုပ်ထားတာကို ပိတ်ပင်မယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာလက သတင်းထွက်ခဲ့ပါတယ်။

အခုတော့ iOS 14 ကို ၅ နှစ်သက်တမ်းရှိတဲ့ iPhone 6s , iPhone SE နဲ့ 7th Gen iPod Touch တို့အတွက်ပါ ဖြန့်ချိပေးမယ်လို့ သတင်းထွက်လာပါတယ်။ ဒီသတင်းသာ မှန်မယ်ဆိုရင် Apple Device အဟောင်း ကိုင်ထားသူတွေအတွက် ဝမ်းသာစရာဖြစ်ပြီး iOS 13 ထည့်ထားတဲ့ Devices အားလုံးအတွက် iOS 14 ရမှာပါ။

iOS 14 ရနိုင်တဲ့ ခန့်မှန်း Device စာရင်းကို အောက်မှာ လေ့လာပါ။

• iPhone 11
• iPhone 11 Pro
• iPhone 11 Pro Max
• iPhone XS
• iPhone XS Max
• iPhone XR
• iPhone X
• iPhone 8
• iPhone 8 Plus
• iPhone 7
• iPhone 7 Plus
• iPhone 6s
• iPhone 6s Plus
• iPhone SE
• iPod touch (7th gen)

ဒါ့အပြင် ဒိတ်အောက်နေတဲ့ Apple A8 နဲ့ A8X Chipset တွေကြောင့် iPad mini 4 နဲ့ iPad Air 2 တို့အတွက် iPadOS 14 မရတော့ဘူးလို့ သတင်းထွက်လာပါတယ်။
iPadOS 14 ရနိုင်တဲ့ ခန့်မှန်း Device စာရင်းကို အောက်မှာ ဖော်ပြလိုက်ပါတယ်။
• iPad Pro 12.9
• iPad Pro 11
• iPad Pro 10.5 (2017)
• iPad Pro 9.7 (2016)
• iPad 10.2
• iPad 9.7 (2018)
• iPad 9.7 (2017)
• iPad mini (2019)
• iPad Air (2019)

ref : gsmarena

[Zawgyi]

iOS 13 ထည့်ထားတဲ့ Devices အားလုံးအတွက် iOS 14 ရမည်




• iPhone 11
• iPhone 11 Pro
• iPhone 11 Pro Max
• iPhone XS
• iPhone XS Max
• iPhone XR
• iPhone X
• iPhone 8
• iPhone 8 Plus
• iPhone 7
• iPhone 7 Plus
• iPhone 6s
• iPhone 6s Plus
• iPhone SE
• iPod touch (7th gen)

• iPad Pro 12.9
• iPad Pro 11
• iPad Pro 10.5 (2017)
• iPad Pro 9.7 (2016)
• iPad 10.2
• iPad 9.7 (2018)
• iPad 9.7 (2017)
• iPad mini (2019)
• iPad Air (2019)

ref : gsmarena