Apple ကနေ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက Apple iPhone နဲ့ iOS Device တွေအတွက် iOS 15.4 Update ကို ထုတ်ပေးခဲ့ပါတယ်။ အဆိုပါ Update မှာ အဓိက Feature အနေနဲ့ iPhone 12 Series နဲ့အထက် iPhone တွေမှာ Mask တပ်ထားလည်း Face ID ကိုအသုံးပြုနိုင်တဲ့ Face ID With A Mask Feature ကို ထည့်သွင်းပေးခဲ့တာဖြစ်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ အဆိုပါ iOS 15.4 Update မှာ Emoji အသစ်တွေအပြင် Feature အသစ်တွေလည်း အများအပြားပါဝင်ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း iOS အသုံးပြုသူတွေအများစု Update ပြုလုပ်ပြီးဖြစ်ပါတယ်။

ဒါပေမယ့် အခုလိုမျိုး iOS 15.4 Update ကို အသုံးပြုသူများပြားလာတာနဲ့အတူ ပြဿနာအချို့ဟာလည်း စတင်ဖြစ်ပေါ်နေပါပြီ။ ဒါကတော့ အသုံးပြုသူအချို့ဆီမှာ Update ပြုလုပ်အပြီး Battery မခံတဲ့ ပြဿနာဖြစ်ပေါ်နေတာဖြစ်ပါတယ်။

ဥပမာအနေနဲ့ လက်ရှိ iPhone 13 Pro Max အသုံးပြုသူတွေဟာ နေ့တဝက်ပဲ Battery အသုံးခံတာမျိုး၊ iPhone 11 က Screen Time ၂ နာရီအချိန်အတွင်းမှာ 80% Battery ကိုကျဆင်းတာမျိုးတွေ ကြုံတွေ့နေရတာဖြစ်ပါတယ်။ တခြားသော Battery မခံတာနဲ့ ပတ်သက်ပြီး ပြဿနာဖြစ်နေတဲ့သူတွေလည်း တော်တော်လေးကို များပြားနေပြီလို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Apple ဘက်ကတေ့ာ အခု ပြဿနာနဲ့ပတ်သက်ပြီး လောလောဆယ်မှာ ဖြေရှင်းထားခြင်းမရှိသေးပေမယ့် တကယ်လို့ ပိုပြီးကြုံတွေ့နေရမယ်ဆိုရင်တော့ Software Update နဲ့ပဲ ဖြေရှင်းသွားမယ်လို့ ယူဆရပါတယ်။

Ref – GSM Arena