iOS 15 ရဲ့ ဆိုးရွားတဲ့ Bug ၁ ခု အကြောင်းကို Twitter နဲ့ တခြား လူမှုကွန်ရက် ပလက်ဖောင်းတွေမှာ ပြောနေကြပါတယ်။ အဲဒီ Bug ကြောင့် Messages App ဟာ Save ထားတဲ့ ဓါတ်ပုံတွေကို အလိုလို ဖျက်ပစ်နေပါတယ်။ Message Thread ၁ ခုက ဓါတ်ပုံ ၁ ပုံကို သင်က သိမ်းဆည်းပြီး အဲဒီ Thread ကို ဖျက်လိုက်တဲ့အခါ နောက် ၁ ခါ iCloud Backup လုပ်တဲ့အခါမှာ အဲဒီ ဓါတ်ပုံကို မတွေ့ရတော့ပါဘူး။ Messages App ဟာ iCloud နဲ့ ချိတ်ဆက်နေတာ ဖြစ်နိုင်ပြီး အဲဒါကြောင့် Thread ကို ဖျက်တဲ့အခါ ဓါတ်ပုံပါ ပျက်သွားတာပါ။

iOS 15

သင့် ဖုန်းမှာလည်း အဲဒီလို ဖြစ်နေသလား စစ်ဆေးချင်ရင် အောက်ပါ နည်းလမ်းအတိုင်း ပြုလုပ်ပါ။

  • Messages Conversation ထဲက ဓါတ်ပုံ ၁ ပုံကို Album မှာ သိမ်းပါ။
  • Album မှာ အဲဒီ ပုံ ရှိသလားဆိုတာ စစ်ဆေးပါ။
  • Messages Conversation ကို ဖျက်လိုက်ပါ။ အဲဒီ ပုံဟာ Album ထဲမှာ ရှိနေဦးမှာပါ။
  • iCloud Backup ပြုလုပ်လိုက်ရင် အဲဒီ ပုံဟာ ပျောက်သွားမှာပါ။

နောက်ဆုံး သတင်းအရ အဲဒီ Bug ဟာ iOS 15.2 Beta 2 မှာ ရှိနေတာ ဖြစ်ပြီး Apple က နောက်ဆုံး Update မှာ အဲဒီ Bug ကို မပြင်ဆင်ပေးထားသေးပါဘူး။

iOS 15 goes live on September 20 along with iPadOS 15 and watchOS 8 -  GSMArena.com news

iOS 15 ဟာ Apple ဖြန့်ချိပြီးသမျှ Update တွေထဲမှာ Bug အများဆုံးလို့ ပြောနိုင်ပါတယ်။ Mask တပ်ထားချိန်မှာ Apple Watch ကို သုံးကာ iPhone ကို Unlock လုပ်လို့ မရတဲ့ ပြဿနာလည်း ရှိနေပါတယ်။ တချို့ဆိုရင် Unlock နည်းလမ်းကို သတ်မှတ်လို့တောင် မရပါဘူး။

တချို့က ကင်မရာ App မှာ Viewfinder ဟာ အလုပ်မလုပ်ဘူးလို့ ပြောကြပါတယ်။ တချို့ဖုန်းတွေမှာ မျက်နှာပြင်ကို ထိတွေ့ပြီး Wake လုပ်လို့ မရသလို တချို့က Unlock လုပ်ပြီးနောက် မျက်နှာပြင်က တုန့်ပြန်မှု မရှိဘူးလို့ ပြောကြပါတယ်။ Face Unlock လုပ်ပြီးတဲ့အခါ Swipe Up လုပ်လို့ မရတဲ့ ပြဿနာ တချို့ ရှိနေသလို Mail App ဟာလည်း မကြာခဏ Crash ဖြစ်နေပါတယ်။

Apple က အဲဒီ Bug အများစုကို သိရှိထားပြီးပြီ ဖြစ်တဲ့အတွက် မကြာခင်ထွက်လာမယ့် iOS 15.1 Stable Update မှာ ဖြေရှင်းပေးထားနိုင်ပါတယ်။

Ref : gizchina