Apple က ဒီတစ်ပတ် အစောပိုင်းမှာ iOS 17.5 ကို ဖြန့်ချိခဲ့ပြီး အခုတော့ ပြဿနာတက်နေပါပြီ။ iOS 17.5 မှာ Bug ကြီးကြီး ပါလာပြီး ဖျက်ထားတဲ့ ပုံအဟောင်းတွေ iPhone  မှာ ပြန်ပေါ်လာနေပါတယ်။ ဒါဟာ ကြီးမားတဲ့ Privacy ပြဿနာပါ။ အဲဒီ ပုံတွေဟာ Apple Server မှာ မရှိသင့်တော့ပါဘူး။

iOS 17.5 bug resurfaces old deleted photos for some reason

Reddit User ၁ ယောက်က ၂၀၂၁ ခုနှစ်တုန်းက ဖျက်လိုက်တဲ့ ပုံတွေ ပြန်ပေါ်လာပြီး မကြာခင်က iCloud ကို တင်ထားတယ်လို့ ဖော်ပြထားတယ်လို့ ပြောပါတယ်။ တခြား Reddit User တွေကလည်း အဲဒီပြဿနာကို အတည်ပြုထားပါတယ်။ နောက်ထပ် User ၁ ယောက်က ပုံတွေကို ထပ်ခါထပ်ခါ ဖျက်နေတာတောင် ပြန်ပြန်ပေါ်လာတယ်လို့ ပြောပါတယ်။

Apple Releases iOS 17.5 With Cross-Platform Tracking Detection, EU App  Downloads From Websites and More - MacRumors

ဒါဟာ ပြဿနာ ကြီးပါတယ်။ ဖျက်ထားတဲ့ ပုံတွေကို ဘယ်သူကမှ ပြန်ပေါ်မလာစေချင်တာ သေချာပါတယ်။ ဒါဟာ ဘာကြောင့်လဲ ဆိုတာ မသိရသေးပါဘူး။

Apple ဟာ ဒီပြဿနာကို မသိသေးပေမယ့် မကြာခင်မှာ သိလာမှာပါ။ Apple ဟာ iOS 17.3 မှာပါလာတဲ့  Photo Syncing Bug ကို ပြင်ဆင်ဖို့ ကြိုးစားရင်းကနေ အခု ပြဿနာ ဖြစ်လာတာလို့ တချို့က သုံးသပ်ကြပါတယ်။ Apple က ဒီပြဿနာကို မကြာခင်မှာ Software Update နဲ့ ဖြေရှင်းပေးမယ်လို့ ထင်ပါတယ်။

Ref : gsmarena