အခုနောက်ပိုင်းကတော့ 5G စမတ်ဖုန်းတွေပဲ အများစု ထွက်လာကြတာပါ။ ဒါပေမယ့် နောက်ထွက်မယ့် iPhone 13 မှာတော့ 5G ပိုမြန်လာမယ်လို့ သတင်းထွက်လာပါတယ်။ DigiTimes Asia က ဒီသတင်းပေးလိုက်တာ ဖြစ်ပြီး iPhone 13 Series ရဲ့ ၅၀ ရာခိုင်နှုန်းကျော်မှာ mmWave 5G ပါလာမယ်လို့ ပြောပါတယ်။ iPhone 13 Series မှာ ဘယ်မော်ဒယ်တွေ ပါလာမလဲ ဆိုတာတော့ မပြောသေးပါဘူး။

iPhone 12 Series တုန်းက အမေရိကန်က မော်ဒယ်တွေမှာပဲ mmWave ကို ထောက်ပံ့ခဲ့တာဖြစ်ပြီး တခြား ကမ္ဘာ့ နိုင်ငံအားလုံးမှာ 6GHz 5G ပဲရခဲ့တာပါ။ DigiTimes က Android ဖုန်းတွေဟာလည်း Apple ကို လိုက်ယှဉ်ပြိုင်မယ်လို့ သတင်းပေးပါတယ်။ လက်ရှိ Android ဖုန်း အများစုမှာ Sub-6GHz ကိုပဲ ထောက်ပံ့ထားတာပါ။

5G Signals တွေ ပို့လွှတ်တဲ့ Radio Bands တွေရဲ့ Frequencies တွေအကြောင်း ပြောပြချင်ပါတယ်။ Sub-6GHz ရဲ့ Frequencies က 6GHz အောက်မှာပဲ ရှိပါတယ်။ mmWave ရဲ့ အရှည်က Millimeter Wave ဖြစ်ပြီး Frequency Bands ပိုမြင့်ပါတယ်။ Frequencies ပိုမြင့်ရင် အမြန်နှုန်း ပိုကောင်းပေမယ့် အဝေးကြီးကို Signal တွေ မပို့နိုင်ပါဘူး။ အဲဒီအတွက် Cell Towers တွေ ပိုများများလိုအပ်ပါတယ်။ နောက်ထပ် အားနည်းချက် တစ်ခုက နံရံတွေနဲ့ အတားအဆီးတွေကို ကျော်ဖြတ်ရာမှာ အားနည်းပါတယ်။

အဲဒီအတွက် ဗြိတိန် အပါအဝင် နိုင်ငံအများစုမှာ Frequencies နိမ့်တာကိုပဲ သုံးနေကြပါတယ်။ Apple ကလည်း iPhone 12 Series မှာ mmWave 5G ကို အမေရိကန်မှာပဲ ထည့်ပေးခဲ့တာပါ။ iPhone 13 Series ထက်ဝက်ကျော်မှာ mmWave ပါလာမယ်ဆိုပေမယ့် အဲဒီ မော်ဒယ်တွေကို ရောင်းမယ့် နိုင်ငံတွေကို မသိရသေးပါဘူး။ ဗြိတိန်နဲ့ ဩစတြေးလျမှာတော့ ပါလာနိုင်ပါတယ်။

mmWave ကို သုံးဖို့အတွက် မိုဘိုင်း ကွန်ရက်တွေ ပိုလိုအပ်ပါသေးတယ်။ ဒါပေမယ့်လည်း iPhone 13 မှာ ပါလာမှာက အနာဂတ်အတွက် အဆင်သင့် ဖြစ်သွားမှာပါ။ အားနည်းချက်တစ်ခုက စမတ်ဖုန်း ဈေးနှုန်းတွေ ပိုကြီးလာမှာပါ။ နဂိုကတည်းက ဈေးကြီးပြီးသား iPhone တွေဟာဆိုရင် ဒီနှစ်မှာ ပိုဈေးကြီးလာမှာပါ။

ref : techradar