Apple က iPhone 14 Series မိတ်ဆက်ပွဲမှာ ဘက်ထရီ ပမာဏတွေကို မပြောသွားပါဘူး။ အခုတော့ တရုတ် ကနေ အဲဒီ ဖုန်းတွေရဲ့ ဘက်ထရီ ပမာဏတွေကို သိလာရပါပြီ။

iphone 14 lineup

iPhone 14 မော်ဒယ် ၄ လုံးထဲက ၃  လုံးမှာ iPhone 13 Series ထက် အရွယ်အစားပိုကြီးတဲ့ ဘက်ထရီတွေ ပါလာပြီး iPhone 14 Pro Max မှာတော့ iPhone 13 Pro Max ထက် အရွယ်အစား အနည်းငယ်ပိုသေးတဲ့ ဘက်ထရီ ထည့်ထားပါတယ်။

Buy iPhone 14 Pro and iPhone 14 Pro Max - Apple

iPhone 13 Series ရဲ့ ဘက်ထရီ ပမာဏတွေကို အောက်မှာ လေ့လာနိုင်ပါတယ်။

  • iPhone 13 mini: 2,406 mAh
  • iPhone 13: 3,227 mAh
  • iPhone 13 Pro: 3,095 mAh
  • iPhone 13 Pro Max: 4,352 mAh

iPhone 14 Series ရဲ့ ဘက်ထရီ ပမာဏတွေကို အောက်မှာ လေ့လာနိုင်ပါတယ်။

  • iPhone 14: 3,279 mAh
  • iPhone 14 Plus: 4,325 mAh
  • iPhone 14 Pro: 3,200 mAh
  • iPhone 14 Pro Max: 4,323 mAh

Apple က iPhone 14 Series ၄ လုံးကို စက်တင်ဘာလ ၇ ရက်နေ့က ကြေညာခဲ့ပြီး စက်တင်ဘာလ ၉ ရက်နေ့က စတင်ကာ ကြိုတင်မှာယူခွင့်ပြုထားပါတယ်။ iPhone 14 Plus ကို အောက်တိုဘာလ ၇ ရက်နေ့နဲ့ ကျန်တဲ့ ဖုန်း ၃ လုံးကို စက်တင်ဘာလ ၁၆ ရက်နေ့ ရောင်းချမှာ ဖြစ်ပါတယ်။

Ref : macrumors