Apple ဟာ ဒီနှစ်ထဲမှာ 30W GaN charger ကို မိတ်ဆက်လိမ့်မယ်လို့ analyst Ming-Chi Kuo က လွန်ခဲ့တဲ့ မတ်လကတည်းက ဟောကိန်းထုတ်ခဲ့ပါတယ်။ အခုတော့ Leakster DuanRui က အမည်မဖော်ထားတဲ့ အမှတ်တံဆိပ်တစ်ခုဟာ လာမဲ့ iPhone 14 Pro စီးရီးနဲ့စမ်းသပ်ဖို့အတွက် 30W chargers တွေ ပေးပို့နေတယ်လို့ ဖော်ပြလာပါတယ်။

နောက်ထပ် Leakster တစ်ဦးဖြစ်တဲ့ Kioriku ကလည်း iPhone 14 Pro နဲ့ 14 Pro Max တို့ဟာ 30W နဲ့ပဲ အားသွင်းမယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။ လက်ရှိ iPhone 13 Pro နဲ့ 13 Pro Max တွေက 23W နဲ့ 27W အသီးသီးနဲ့အားသွင်းတာဖြစ်တဲ့အတွက် အခုထွက်ပေါ်လာတဲ့ သတင်းက ဖြစ်နိုင်ဖွယ်ရှိတယ်လို့ ဆိုရပါလိမ့်မယ်။

Apple ဟာ 16-inch MacBook Pros အသစ်အတွက် 140W power brick နဲ့ 35W dual charger တွေကို M2 MacBook Air နဲ့အတူ ဖြန့်ချိပြီး ဖြစ်ပါတယ်။ GaN chargers အတော်များများကိုလည်း ရောင်းချနှင့်ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အဆိုပါထုတ်ကုန်တွေက USB C-to-C ကြိုးတွေကို အသုံးပြုကြတာဖြစ်ပြီး iPhone 14 မျိုးဆက်ကတော့ Lighting နဲ့ပဲ ဆက်သွားဦးမှာ ဖြစ်ပါတယ်။

EU regulations အသစ်ကြောင့် Lighting ဟာ iPhone 14 မှာပဲ တွေ့ရတော့မှာဖြစ်ပြီး နောက်မျိုုးဆက်တွေမှာတော့ USB C port နဲ့ပဲ ဆက်သွားရတော့မှာ ဖြစ်ပါတယ်။ Apple ရဲ့ 30W GaN charger ကို iPhone 14 Pro နဲ့ 14 Pro Max ဖုန်းတွေနဲ့အတူ ပါလာမယ်လို့ မျှော်လင့်မထားသင့်ဘဲ သီးခြားဝယ်ယူရမယ်လို့ပဲ မျှော်လင့်ထားသင့်ပါတယ်။ Third-party charger တွေကတော့ USB-C Lighting cable နဲ့ လာမှာ ဖြစ်ပါတယ်။

Ref: GSM Arena