iPhone 14 Pro Max ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်က မိတ်ဆက်ခဲ့တဲ့ Apple ရဲ့ နောက်ဆုံးထုတ် စွမ်းရည်မြင့် ဖုန်း ဖြစ်ပါတယ်။ အခုတော့ DisplayMate က အဲဒီ ဖုန်းရဲ့ မျက်နှာပြင် အရည်အသွေးကို စမ်းသပ်လိုက်ပြီး အကောင်းဆုံး စမတ်ဖုန်း မျက်နှာပြင် အဖြစ် သတ်မှတ်လိုက်ပါတယ်။

Apple iPhone 14 Pro and iPhone 14 Pro Max Review: Great iPhones, Small Upgrades | WIRED

iPhone 14 Pro Max ဟာ စမ်းသပ်မှုမှာ A+ Rating ရသွားပြီး Apple ရဲ့ ၂၀၂၂ ခုနှစ်ထုတ် စွမ်းရည်မြင့် ဖုန်းတွေထဲမှာ မျက်နှာပြင် အကောင်းဆုံး ဖြစ်ပါတယ်။ iPhone 14 Pro Max ရဲ့ Peak Brightness ဟာ 2,300 nits ဖြစ်ပြီး Contrast Ratio က အတိုင်းအဆ မရှိပါဘူး။ Apple က iPhone 14 Pro Max ရဲ့ Peak Brightness ဟာ 2,000 nits လို့ ကြေညာထားပေမယ့် စမ်းသပ်ကြည့်တဲ့အခါမှာ 2,300 nits အထိ ရှိပါတယ်။ DisplayMate က မျက်နှာပြင် အလင်းပြန်မှုကို စမ်းသပ်တဲ့အခါမှ ၄.၅ ရာခိုင်နှုန်းပဲ ရှိပြီး အနည်းဆုံး မျက်နှာပြင် အလင်းပြန်မှု ဖြစ်ပါတယ်။

Buy iPhone 14 Pro and iPhone 14 Pro Max - Apple (TH)

စမ်းသပ်မှုအရ Ambient Light မှာ အမြင့်ဆုံး Contrast Rating ကို ပိုင်ဆိုင်ထားပါတယ်။ စမ်းသပ်မှုရဲ့ တချို့ အစိတ်အပိုင်းတွေမှာ ပြည့်စုံလုနီးပါး အမှတ်ကို ရသွားပြီး အဲဒီ အစိတ်အပိုင်းတွေထဲမှာ အရောင်တိကျမှု ပါဝင်ပါတယ်။

iPhone 14 Pro နဲ့ 14 Pro Max မှာ Samsung က ထုတ်လုပ်ထားတဲ့ မျက်နှာပြင်တွေ တပ်ဆင်ထားတာဖြစ်တဲ့အတွက် နောက်ထွက်မယ့် Samsung Galaxy S23 Ultra ရဲ့ မျက်နှာပြင်ကိုလည်း DisplayMate က အမှတ်ကောင်းကောင်းပေးနိုင်သလို iPhone 14 Pro Max ထက်တောင် ပိုကောင်းသွားနိုင်ပါတယ်။

ref : gizmochina