Counterpoint ရဲ့ ဈေးကွက် သုတေသန စစ်တမ်းအရ iPhone 15 ဟာ ဒီနှစ် ကွာတား ၃ မှာ တစ်ကမ္ဘာလုံးမှာ ရောင်းအား အကောင်းဆုံး စမတ် ဖုန်း ဖြစ်ခဲ့ပါတယ်။ iPhone 15 ရဲ့ နောက်မှာ iPhone 15 Pro Max နဲ့ 15 Pro တို့ဟာ ရောင်းအားအကောင်းဆုံး ဖြစ်နေပါတယ်။

iPhone 15 is the best-selling smartphone in Q3 2024 worldwide

ရောင်းအားအကောင်းဆုံး ဖုန်း ၁၀ လုံးစာရင်းမှာ Samsung က နေရာများစွာ ယူထားပြီး အများစုက Samsung ရဲ့ တန်ဖိုးနည်း Galaxy A Series တွေ ဖြစ်ပါတယ်။ Galaxy S24 ဟာ နံပါတ် ၁၀ နေရာမှာ ရှိနေပြီး Xiaomi Redmi 13C က သူ့အထက်မှာ ရှိနေပါတယ်။

ရောင်းအား အကောင်းဆုံး ဖုန်း ၁၀ လုံးဟာ စက်တင်ဘာလ ကွာတားမှာ စုစုပေါင်း ဖုန်း ရောင်းအားရဲ့ ၁၉ ရာခိုင်နှုန်းတောင် ရထားပါတယ်။

Apple iPhone 15 and iPhone 15 Pro: Specs, Price, Release Date | WIRED

Consumer Demand ဟာ သိသိသာသာ ပြောင်းလဲလာပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေ အပါအဝင် နိုင်ငံတကာမှာ စွမ်းရည်မြင့် ဖုန်းတွေကို ပိုမို နှစ်သက်လာကြပါတယ်။ Trade-in Offer ကြောင့် iPhone 15 Pro နဲ့ 15 Pro Max ကို ပိုမို ဝယ်ယူလာကြပါတယ်။

Samsung Galaxy S24 ဟာ ၂၀၁၈ ခုနှစ်နောက်ပိုင်းမှာ ရောင်းအားအကောင်းဆုံး ဖုန်း ၁၀ လုံးစာရင်းမှာ ပထမဆုံး ပါလာတဲ့ Galaxy S Series ဖုန်း ဖြစ်ပါတယ်။

Xiaomi Redmi 13C ကတော့ အဲဒီ ဈေးနှုန်းမှာ ပေးရတဲ့ဈေးထက် Specs ပိုကောင်းတဲ့ ဖုန်း ဖြစ်ပါတယ်။

Ref: gsmarena