Apple က iPhone 15 Series ကို ပြီးခဲ့တဲ့ တစ်ပတ်က ကြေညာခဲ့ပြီး iPhone 15, iPhone 15 Plus, iPhone 15 Pro နဲ့ iPhone 15 Pro Max တို့ ပါဝင်ပါတယ်။ အဲဒီဖုန်းတွေကို နိုင်ငံတော်တော်များများမှာ ကြိုတင်မှာယူခွင့်ပြုထားပြီဖြစ်ပြီး စက်တင်ဘာလ ၂၂ ရက်နေ့ ပို့ဆောင်ပေးမှာပါ။

ဒါပေမယ့် iPhone 15 Series ဟာ လူကြိုက်များနေတဲ့အတွက် ပို့ဆောင်တဲ့ အချိန် နောက်ကျသွားနိုင်ပါတယ်။ Mark Gurman က iPhone 15 Pro Max ပို့ဆောင်ချိန်ဟာ နောက်ကျမယ်လို့ ပြောပါတယ်။

အိန္ဒိယမှာ ၈ ပတ်၊ တရုတ်နဲ့ ကနေဒါမှာ ၆ ပတ်ကနေ ၇ ပတ်၊ ဗြိတိန်မှာ ၇ ပတ်ကနေ ၈ ပတ်နောက်ကျမယ်လို့သူက ပြောပါတယ်။ အိမ်အရောက်ပို့ဆောင်မှုရော စတိုးမှာ လာယူမှုရောပါ နောက်ကျမှာ ဖြစ်ပါတယ်။ Pro မော်ဒယ် ကနေလွဲပြီး iPhone 15 နဲ့ iPhone 15 Plus ဟာ တချို့နိုင်ငံတွေမှာ ၂ ပတ် အထိ နောက်ကျနိုင်ပါတယ်။

iPhone 15, 15 Plus, 15 Pro, and 15 Pro Max pre-bookings begin. How to book  and when it will get delivered. Details here | Mint

Apple ဟာ Pro iPhone တွေကို တရုတ်မှာ ထုတ်လုပ်တာ ဖြစ်ပါတယ်။ iPhone 15 Pro နဲ့ Pro Max တို့ ဝယ်လိုအားများနေတာကြောင့် တရုတ် စက်ရုံကနေ လုံလုံလောက်လောက် မထုတ်နိုင်ဘူး ဖြစ်နေပါတယ်။

တိုက်တေနီယမ် ဖရိမ်နဲ့ A17 Pro Chip ဟာလည်း ထုတ်လုပ်ရတာ ခက်ခဲပါတယ်။ Apple ဟာ Non-Pro iPhone မော်ဒယ်တွေကို အိန္ဒိယနဲ့ ဗီယက်နမ်မှာ ထုတ်လုပ်နေတာ ဖြစ်ပါတယ်။

Ref : gizmochina