Apple က စက်တင်ဘာလ အစောပိုင်းမှာ iPhone 16 Series ကို ကြေညာမှာ ဖြစ်ပြီး စက်တင်ဘာလ ၁၀ ရက်နေ့မှာ ဖြစ်နိုင်ပါတယ်။ အခုတော့ Foxconn က iPhone 16 Series ကို အမြောက်အများ စတင် ထုတ်လုပ်နေပြီလို့ သိရပါတယ်။ တရုတ်မှ Foxconn ရဲ့ စက်ရုံ ၁ ခုမှာ iPhone 16 ထုတ်လုပ်ဖို့အတွက် ဝန်ထမ်းများစွာကို ငှားရမ်းထားပါတယ်။

iPhone 16: Everything We Know | MacRumors

Foxconn ဟာ စွမ်းရည်မြင့် iPhone နဲ့ တခြား Apple Device တွေကို ထုတ်လုပ်ပေးနေတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ Apple နဲ့ Foxconn တို့ဟာ နှစ်များစွာကြာ လက်တွဲလာကြတဲ့ ပါတနာတွေ ဖြစ်ကြပါတယ်။

iPhone 16 Series Rumours Roundup: Here's Everything We Know So Far

Apple ဟာ iPhone 16 Series ရောင်းအားကောင်းမယ်လို့ ခန့်မှန်းထားပါတယ်။ iPhone 15 Series ထက် ရောင်းအား ၁၀ ရာခိုင်နှုန်း ပိုများနိုင်ပြီး iPhone 16 သန်း ၉၀ ကျော် ရောင်းချနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

iPhone 16 Series ရဲ့ အစိတ်အပိုင်းတွေကို အမြောက်အများ စတင် ထုတ်လုပ်နေပြီ ဖြစ်ပါတယ်။ အဲဒီအထဲမှာ Display ကို ဇွန်လမှာ အများအပြား စတင် ထုတ်လုပ်ခဲ့ပါတယ်။ Samsung Display နဲ့ LG Display တို့ဟာ iPhone 16 Series အတွက် OLED Display တွေကို ထုတ်လုပ်ပေးထားပါတယ်။ ၂၀၂၄ ခုနှစ်ကုန်မှာ Samsung နဲ့ LG တို့ဟာ Display သန်း ၈၀ နဲ့ ၄၃ သန်း အသီးသီး ထုတ်လုပ်ပေးမှာပါ။

ref : gizmochina