Apple ဟာ စက်တင်ဘာလအတွင်းမှာ iPhone အသစ်တွေကို နှစ်စဥ်မိတ်ဆက်နေကြဖြစ်သလို ယခုနှစ်မှာလည်း iPhone 16 Series ဖုန်းတွေကို မိတ်ဆက်သွားမှာဖြစ်ပါတယ်။ မိတ်ဆက်ဖို့အချိန်လိုအပ်သေးတယ်ဆိုပေမယ့် iPhone 16 ဖုန်းတွေမှာပါလာမယ့် Feature တွေနဲ့ ပတ်သက်ပြီး သတင်းတွေထွက်ပေါ်လာပါပြီ။

အဆိုပါသတင်းတွေထဲက တစ်ခုက iPhone 16 Series ဖုန်းအကုန်လုံးမှာ Capture Button လို့ နာမည်ပေးထားတဲ့ Button အသစ်တစ်ခုပါဝင်လာမှာပဲဖြစ်ပါတယ်။ ဒီ Capture Button ဟာ လက်ရှိ iPhone တွေရဲ့ ညာဘက်ခြမ်း Side Button ရဲ့ အောက်ခြေမှာ ပါဝင်လာမယ်လို့ သိရပါတယ်။

အခုလည်း Chinese Leakster တစ်ဦးဖြစ်တဲ့ Instant Digital ကနေ Weibo စာမျက်နှာမှာ ဒီ iPhone 16 ရဲ့ Capture Button အလုပ်လုပ်နိုင်မယ့်ပုံစံတွေကို ဖော်ပြလိုက်ပါတယ်။ သူ့ရဲ့ ပြောကြားချက်အရ Capture Button ဟာ သာမန် ခလုတ်တစ်ခုမဟုတ်ဘဲ ဖိထားတဲ့ Pressure တွေကို သိရှိနိုင်မှာဖြစ်ပြီး တကယ့် DSLR Camera တွေက Two-step Shutter Button နဲ့ ဆင်တူမယ်လို့ သိရပါတယ်။

ဒါကြောင့် အသုံးပြုသူတွေအနေနဲ့ Capture Button ကို အသာလေးဖိလိုက်ရင် Subject ကို Focus ပြုလုပ်သွားမှာဖြစ်ပြီး နောက်တစ်ကြိမ်ထပ်ဖိနှိပ်မှ ဓါတ်ပုံရိုက်ကူးပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် Capture Button ကို အသုံးပြုပြီး Zoom In ၊ Zoom Out Function တွေကိုလည်း အသုံးပြုနိုင်ဦးမယ်လို့ တချို့သတင်းတွေက ဖော်ပြထားပါသေးတယ်။

အခုလိုမျိုး Capture Button ကို iPhone 16 Pro Series ဖုန်းတွေတင်မဟုတ်ဘဲ iPhone 16 ၊ iPhone 16 Plus ဖုန်းတွေမှာပါ ထည့်သွင်းပေးသွားမယ်လို့ သိရတဲ့အတွက် လာမယ့် iPhone 16 Series ဖုန်းတွေဟာ ယခင်ထက် Camera ပိုင်း ဦးစားပေးသွားဖွယ်ရှိနေပါတယ်။

Ref – Gizmo China